K pop

■ Spotify မှာ စတုတ္ထမြောက် Stream အများဆုံး K Solo တစ်ပုဒ်ဖြစ်ခဲ့တဲ့ Jimin ရဲ့ “Filter”

—- Jimin ရဲ့ Spotify မှာ နောက်ထပ်စံချိန်တစ်ခုကို စိုက်ထူခဲ့…

BTS အဖွဲ့ဝင် Jimin ရဲ့ Solo သီချင်းတစ်ပုဒ်ဖြစ်တဲ့ “Filter” ဟာ Spotify မှာ စတုတ္ထမြောက် Stream အများဆုံး K Solo တစ်ပုဒ်အဖြစ် မှတ်တမ်းဝင်ခဲ့တယ်လို့ သိရပါတယ်။

 

ဇွန်လ 5 ရက်နေ့ Spotify Daily Streaming Reports ရဲ့ ဖော်ပြချက်အရ Jimin ရဲ့ “Filter” ဟာ စတုတ္ထမြောက် Stream အများဆုံး Solo သီချင်းအဖြစ် ရပ်တည်ခဲ့တာပါ။ နောက်ပြီး “Filter” ဟာ BTS ရဲ့ Solo Track တွေအနက် ဒုတိယမြောက် Stream အများဆုံး သီချင်းတစ်ပုဒ်လည်း ဖြစ်ခဲ့ ပါတယ်။

 

Jimin ရဲ့ “Filter” သီချင်းဟာ Spotify မှာ Stream 161 သန်းကျော်ရှိပြီး သူ့ရဲ့ Solo သီချင်းတွေ အနက်လည်း Stream အများဆုံး သီချင်းတစ်ပုဒ်လည်းဖြစ်ပါတယ်။ Spotify မှာ Stream အများဆုံး BTS Solo သီချင်းကတော့ Golden Maknae လေး Jungkook ရဲ့ Euphoria ဖြစ်ပြီး Stream သန်း 240 ကျော်တာဖြစ်ပါတယ်။

ဒါ့အပြင် Stream အများဆုံး BTS Solo သီချင်း Top Ten ထဲမှာလည်း Jimin ရဲ့ သီချင်းတွေဖြစ်တဲ့ Filter ၊ Serendipity Full Length နဲ့ Lie တို့ဟာ #2 ၊ #4 ၊ #5 တို့မှာ ရပ်တည်နေတာဖြစ်ပါတယ်။

-m2t
Ref: Allkpop

You cannot copy content of this page