K pop

■ ဒီအမျိုးသမီးအဖွဲ့တွေက သူတို့မျိုးဆက်ကို ကိုယ်စားပြုတယ်လို့ K-Netizen တွေက သတ်မှတ်ထားကြပါသတဲ့

– – -မျိုးဆက်အလိုက် ကိုယ်စားပြုတဲ့ အမျိုးသမီးအဖွဲ့တွေကို K-Netizen တွေက ရွေးချယ်သတ်မှတ်ရာမှာ…

၁၉၉၀ ခုနှစ်ဝန်းကျင်ကတည်းက စတင်မျိုးစေ့ချလာခဲ့တဲ့ K-pop ရေစီးကြောင်းဟာ အခုဆိုရင် စတုတ္ထမျိုးဆက်ကိုတောင် ရောက်လာခဲ့ပြီ ဖြစ်ပါတယ်။

မျိုးဆက်အလိုက် နာမည်ကျော် K-pop အဖွဲ့ပေါင်းများစွာ ပေါ်ထွန်းခဲ့ပြီး K-pop တာဝန်ကို စွမ်းစွမ်းတမံထမ်းဆောင်ခဲ့ကြတာပါ။

အဲဒီအဖွဲ့တွေထဲကမှ သူတို့ရဲ့မျိုးဆက်ကို ကိုယ်စားပြုတဲ့ Nation Girl Group တွေဆိုပြီး K-Netizen တွေက ရွေးချယ်သတ်မှတ်ခဲ့တာကို Koreaboo က ဖော်ပြခဲ့ပါတယ်။ ဒီစာရင်းထဲမှာ ပါဝင်တဲ့ အဖွဲ့တွေနဲ့ ပတ်သက်ပြီး ပရိသတ်တစ်ချို့က သဘောထားကွဲလွဲခဲ့တာ ရှိသလို အပြန်အလှန် ငြင်းခုံမှုတွေကိုလည်း မြင်တွေ့ခဲ့ရပါတယ်။

ပထမမျိုးဆက် – Fin.K.L

Fin.K.L ဟာ K-pop ပထမဆုံးမျိုးဆက်ရဲ့ အအောင်မြင်ဆုံးအဖွဲ့တွေထဲက တစ်ဖွဲ့ပါ။ ၁၉၉၀ ခုနှစ်ကနေ ၂၀၀၀ ခုနှစ်အစောပိုင်းအထိ သူတို့ရဲ့ အောင်မြင်မှုက ကြီးမားခဲ့တာပါ။ 1998 Golden Disc Awards မှာ New Artist of the Year , 1999 Seoul Music Awardsမှာ Grand Prize ,2000 Mnet Music Video Festival မှာ အကောင်းဆုံးအမျိုးသမီးအဖွဲ့ဆုတွေကို ရရှိခဲ့ပါတယ်။

ဒုတိယမျိုးဆက် – Girls’ Generation

Girls’ Generation လို့ဆိုလိုက်တာနဲ့ မသိသူ မရှိလောက်အောင် သူတို့ရဲ့ အောင်မြင်မှုက ကမ္ဘာအနှံ့ကြီးမားလွန်းပါတယ်။ Girls’ Generation နဲ့မှာ K-pop ရဲ့အရသာကို စွဲမက်သွားသူတွေများစွာရှိကြပါတယ်။ ဒုတိယမျိုးဆက်ကို ကိုယ်စားပြုတဲ့ အမျိုးသမီးအဖွဲ့အဖြစ် K-Netizen တွေက သတ်မှတ်ထားကြတာပါ။ K-pop သမိုင်းမှာ စံချိန်မှတ်တမ်းကောင်းများစွာ စိုက်ထူနိုင်ခဲ့သလို သူမတို့ရဲ့ သီချင်းတော်တော်များများကလည်း လက်ရှိအချိန်အထိ ပရိသတ်တွေကြားမှာ ရေပန်းစားနေဆဲပါ။

တတိယမျိုးဆက် – TWICE

တတိယမျိုးဆက်ကို ကိုယ်စားပြုတဲ့ အမျိုးသမီးအဖွဲ့အဖြစ် K-Netizen တွေက TWICE ကို ရွေးချယ်ခဲ့ကြပါတယ်။ “Cheer Up”, “TT”, “Fancy You” စတဲ့နာမည်ကျော်သီချင်းကောင်းတွေကို ထုတ်ဝေခဲ့ပါတယ်။ MAMA နဲ့ Melon စတဲ့ ဆုပေးပွဲကြီးတွေမှာလည်း TWICE ဟာ အောင်မြင်မှု အစဉ်အလာကြီးမားတဲ့အဖွဲ့ပါ။ အထူးသဖြင့် TWICE ဟာ ဂျပန်နဲ့ အာရှဒေသတွင်းမှာ ပိုမိုအောင်မြင်တဲ့ အမျိုးသမီးအဖွဲ့ ဖြစ်ပါတယ်။

စတုတ္ထမျိုးဆက် – ITZY, aespa, STAYC

၂၀၂၀ ခုနှစ်ဝန်းကျင်မှာ ပေါ်ထွန်းခဲ့တဲ့ အဖွဲ့တွေကိုတော့ စတုတ္တမျိုးဆက်အဖြစ် သတ်မှတ်ထားကြတာ ဖြစ်ပါတယ်။ စတုတ္ထမျိုးဆက်အဖွဲ့တွေကလည်း မခေတာတွေ့ရပြီး အရည်အချင်းကြွယ်ဝတဲ့အဖွဲ့တွေ ဖြစ်ကြပါတယ်။ ITZY, aespa, STAYC စတဲ့ ( ၃) ဖွဲ့ကိုတော့ K-Netizen တွေက စတုတ္ထမျိုးဆက်ကို ကိုယ်စားပြုတဲ့ အဖွဲ့တွေအဖြစ် သတ်မှတ်ထားကြတာပါ။

-Ref:Koreaboo

You cannot copy content of this page