Celebrity

■ ဘယ်သူက စကြွေတာလဲဆိုတာကို ငြင်းနေဆဲဖြစ်တဲ့ Gummy နဲ့ Cho Jung Seok

—- ပရိသတ်တွေ လေးစားအားကျရတဲ့ K Cele စုံတွဲတစ်တွဲဖြစ်တဲ့ မင်းသား Cho Jung Seok နဲ့ အဆိုတော် Gummy တို့ဟာ အခုအချိန်အထိ ဘယ်သူက စကြွေတာလဲဆိုတာကို ငြင်းနေဆဲဖြစ်ပါ သတဲ့…

အဆိုတော် Gummy ဟာ မကြာသေးခင်က သူနဲ့ ယောကျာ်းဖြစ်သူ မင်းသား Cho Jung Seok တို့ ကြားက စိတ်ဝင်စားစရာအဖြစ်အပျက်တွေကို ဖောက်သည်ချခဲ့ပါတယ်။ Gummy ဟာ KBS’ television show ‘Come Back Home’ အစီအစဉ်မှာ ဧည့်သည်အနေနဲ့ ပါဝင်ခဲ့ပြီး အစီအစဉ်အတွင်း မှာ မင်းသား Cho Jung Seok နဲ့ ဘယ်လိုစတွေ့ခဲ့တာလဲလို့ Host ဖြစ်သူ Lee Young Ji က Gummy ကို မေးခဲ့ပါတယ်။

Gummy က “ တကယ်တော့ ကျွန်မမှာ မင်းနဲ့နာမည်တူတဲ့ သူငယ်ချင်းတစ်ဦးရှိပါတယ်။ သူမကတော့ Bubble Sisters အမျိုးသမီးအဖွဲ့က Young-ji ဖြစ်ပါတယ်။ သူဟာ အရင်တုန်းက ကျွန်မ ယောကျာ်းနဲ့ အတူ Musical အတူတူလုပ်ခဲ့တာဖြစ်ပါတယ်။ သူတို့အတူတူ Musical လုပ်တဲ့အခါမှာ အပြင်မှာတွေ့ ဆုံဖို့ဖြစ်လာကြပါတယ်။

အဲဒီတုန်းက Young-ji နဲ့အတူ ကျွန်မလည်း လိုက်သွားခဲ့ပြီး ယောကျာ်းနဲ့တွေ့ဆုံခဲ့ကြတာပါ။ ဒါပေမဲ့ အလုပ်ကိစ္စအတွက်မဟုတ်ဘဲ ဒီအတိုင်း သာမန်တွေ့ဆုံခဲ့ကြတာဖြစ်နေခဲ့ပါတယ်။ အဲဒီမှာ Cho Jung Seok ကို ကျွန်မ စသိခဲ့တာပါ” လို့ ပြောခဲ့ပါတယ်။

Gummy ရဲ့ ဖြေဆိုပုံကိုကြားပြီးတဲ့အခါမှာ Host ဖြစ်သူ Lee Young Ji က မင်းတို့လင်မယားမှာ ဘယ်သူက စကြွေဆင်းသွားတာလဲလို့ မေးခဲ့ပါတယ်။

Gummy ကလည်း ရယ်မောပြီး “ အမှန်တော့ ကျွန်မတို့လည်း အဲဒီကိစ္စကို အခုအချိန်ငြင်းနေတုန်းဖြစ် ပါတယ်။ ကျွန်မတို့ဟာ မင်းက ငါ့ကိုအရင်ကြိုက်တာ ဆိုပြီး ငြင်းခုန်နေကြတာပါ။ ဘယ်သူက စကြွေ သွားတာလဲဆိုတာကို ကျွန်မတို့ မသိပါဘူး” လို့ ဖြေဆိုခဲ့ပါတယ်။

-m2t
Ref: SBSstar

You cannot copy content of this page