K pop

■ Kingdom က ဖျော်ဖြေမှုကြောင့် Marvel ဟီးရိုးနဲ့ ခိုင်းနှိုင်းခံနေရတဲ့ Bang Chan

– – -Bang Chan ရဲ့ ပုံစံကို ပရိသတ်တွေက Marvel ဟီးရိူးနဲ့ တူတယ်လို့…

Stray Kids အဖွဲ့ဟာ Mnet ရဲ့ Kingdom မှာ ပါဝင်ဖျော်ဖြေတုန်းက သူတို့ရဲ့ အလန်းစား ဖျော်ဖြေမှုကြောင့် ပရိသတ်တွေရဲ့ အားပေးပုံကို ခံခဲ့ရပါတယ်။

အဲဒီမှာ Stray Kids ဟာ သူတို့ရဲ့ God’s Menu သီချင်းကို BLACKPINK ရဲ့ DDU-DU DDU-DU နဲ့ Mix လုပ်ကာ ဖျော်ဖြေခဲ့တာ ဖြစ်ပါတယ်။

အဲဒီမှာ Bang Chan အနေနဲ့ WOLFGANG ကို ဖျော်ဖြေစဉ်မှာ သူ့အင်္ကျီကို ချွတ်ချလိုက်ချိန်မှာ ပရိသတ်တွေက အံ့အားသင့်ခဲ့ကြပြီး X-Men နဲ့ တူတယ်လို့ ဆိုခဲ့ကြပါတယ်။

Bang Chan ကလည်း သူ့အနေနဲ့ Wolverine မင်းသား Hugh Jackman ရဲ့ခန္ဓာကိုယ် တည်ဆောက်ပုံကို လေးစားအားကျကြောင်း၊ တစ်နေ့ကျရင် Hugh Jackman လို ဖြစ်လာဖို့ မျှော်လင့်ကြောင်း ဆိုခဲ့ပါတယ်။

-Ref: Koreaboo

You cannot copy content of this page