K pop

■ Kris Wu တစ်ပတ်အတွင်း ကောင်မလေး(၃)ယောက်နဲ့ တွဲခဲ့တယ်လို့ သတင်းထွက်

— – – Kris နဲ့ သတင်းထွက်တဲ့ထဲမှာ နှစ်ယောက်က ဆယ်ကျော်သက်တွေဖြစ်ပြီး တစ်ယောက်ကတော့ …

EXO အဖွဲ့ဝင်ဟောင်းဖြစ်တဲ့ အဆိုတော်၊ မင်းသား Kris Wu ဟာ တစ်ပတ်အတွင်း ကောင်မလေး (၃)ယောက်နဲ့ တွဲခဲ့တယ်လို့ သတင်းတွေထွက်ပေါ်နေပြီး တရုတ်မီဒီယာတွေရဲ့ စာမျက်နှာ ရေပန်းစားနေပါတယ်။

Kris ရဲ့ Dating သတင်းတွေ စထွက်တာကတော့ ပြီးခဲ့တဲ့တစ်ပတ်က ဖြစ်ပြီး Dating သတင်းသာမက Cheating လုပ်တယ်လို့ပါ စွပ်စွဲခံနေရပေမဲ့ Kris ဘက်ကတော့ အကုန်လုံးကို ငြင်းချက်ထုတ်ထားတာပါ။

Kris ရဲ့ Dating သတင်းတွေက မေလ (၂၈)ရက်က စပါတယ်။ CCTV မှာ Kris နဲ့ ကောင်မလေးတစ်ယောက် ရုပ်ရှင်သွားတဲ့ပုံတွေ ထွက်ပေါ်လာခဲ့ရာက စတာဖြစ်ပြီး အဲဒီမိန်းကလေးက အင်တာနက် Celeb ဖြစ်တဲ့ Chen Ziyi (၁၈ နှစ်)ဖြစ်တယ်လို့ ဆိုကြပါတယ်။ ဒီသတင်းကို Kris ဘက်က သူငယ်ချင်းတွေနဲ့ သွားတာလို့ တုံ့ပြန်ခဲ့ပါတယ်။

နောက်တစ်ယောက်ကတော့ Du Meizhu ဆိုတဲ့ ကောင်မလေးပါ။ အသက် (၁၈)နှစ်သာ ရှိတဲ့ Du Meizhu ရဲ့ သူငယ်ချင်းက Kris ဟာ Du Meizhu နဲ့တွဲပြီး မပြောမဆိုပျောက်သွားခဲ့လို့ Du Meizhu တစ်ယောက် စိတ်ကျရောဂါတွေ ခံစားနေတယ်လို့ Weibo မှာ ရေးခဲ့ပြီး Du Meizhu နဲ့ Kris တို့ Message ပါဆိုပြီး Screenshot တွေကို တင်ခဲ့တာပါ။

တတိယတစ်ယောက်ကတော့ အွန်လိုင်းမှာ နာမည်ကြီးနေတဲ့ Xiang Yunjie ဆိုသူပါ။ တရုတ်ပရိသတ်တွေဟာ Kris ဟာ Xiang Yunjie နဲ့ တွေ့နေတယ်လို့ ဆိုခဲ့ကြပေမဲ့ Xiang Yunjie ကတော့ သူဟာ Single ဖြစ်ကြောင်း အစငြင်းဆိုခဲ့ပါတယ်။

ဒါပေမဲ့ နောက်ပိုင်းမှာတော့ Xiang Yunjie က “ကျွန်မနဲ့ Kris တစ်ယောက်ကို တစ်ယောက် သိကြပါတယ်။ သူငယ်ချင်းတွေပါ။ ဒါကို Netizen အချို့က အမျိုးမျိုး ယူဆနေတာပါ။ ဒါပေမဲ့ ကျွန်မ အမြင်မှာတော့ Kris Wu ဟာ အချစ်ကို ရှာဖွေနေသူတစ်ယောက်ပါ။ အချစ်ရေးမှာ မှားတယ်၊ မှန်တယ်ဆိုတာ မရှိပါဘူး”လို့ ပြောခဲ့တာကြောင့် ပရိသတ်တွေအတွက် ပိုပြီး စိုးရိမ်စရာဖြစ်ခဲ့ပါတယ်။

အသက် (၃၀)အရွယ်ရှိပြီ ဖြစ်တဲ့ Kris Wu ဟာ EXO အဖွဲ့က ထွက်ခွာပြီးနောက်မှာ တရုတ်မှာ အနုပညာအလုပ်တွေ လုပ်ကိုင်နေပြီး အဆိုတော်၊ မင်းသားအဖြစ် အာရှသာမက ဟောလီဝုဒ်အထိ ပေါက်ရောက်သူဖြစ်ပါတယ်။

Ref: HYPE

You cannot copy content of this page