K pop

■ Billboard 200 မှာ ရပ်တည်နိုင်တဲ့ အမျိုးသမီး K-Pop အဖွဲ့ (၆)ဖွဲ့ပဲ ရှိတယ်

— – – အမေရိကန်ရဲ့နာမည်ကျော် Billboard 200 Album Chart မှာ စာရင်းဝင်ခဲ့တဲ့ အမျိုးသမီး K-Pop အဖွဲ့တွေကတော့ …

Billboard 200 Album Chart မှာ ပထမဆုံးစာရင်းဝင်ခဲ့တဲ့ K-Pop အနုပညာရှင်ကတော့ Queen of K-Pop လို့ ခေါ်ကြတဲ့ BoA ဖြစ်ပြီး ၂၀၀၉ မှာ BoA ဆိုတဲ့ Album နဲ့ဖြစ်ပြီး K-Pop အဖွဲ့တွေထဲမှာဆိုရင်တော့ BIGBANG(2012 Alive Album)၊ အမျိုးသမီးအဖွဲ့မှာဆိုရင် Girls’ Generations-TTS (2012 Twinkle)၊ အမျိုးသား Soloist တွေထဲမှာဆိုရင်တော့ G-Dragon (2012 One of a Kind)တို့က ပထမဆုံးဆိုတဲ့ မှတ်တမ်းတွေကို ပိုင်ဆိုင်ထားတာပါ။

Billboard 200 Album Chart မှာ စာရင်းဝင်တဲ့ အမျိုးသမီး K-Pop အဖွဲ့ကတော့ ဒီနေ့ထက်ထိ (၆)ဖွဲ့ပဲ ရှိပါသေးတယ်။ သူတို့ကတော့

1- Girls’ Generation


Billboard 200 ဝင်တဲ့ ပထမဆုံး အမျိုးသမီး K-Pop အဖွဲ့ဖြစ်ပါတယ်။ ၂၀၁၂ မေလ (၁၇)ရက်မှာ Twinkle(Girls’ Generation-TTS) က Billboard 200 မှာ နံပါတ် (126) ချိတ်ခဲ့ပြီး ၂၀၁၄ မေလ (၁၅)မှာ ထုတ်ဝေခဲ့တဲ့ Mr.Mr. ကတော့ နံပါတ် (110)မှာ ရပ်တည်ခဲ့ပါတယ်။

 

2- 2NE1


Girls’ Generation ရဲ့ Mr.Mr. နဲ့ အပြိုင်ထုတ်ဝေခဲ့တဲ့ 2NE1 ရဲ့ Crush Album ဟာ ၂၀၁၄ မေလ (၁၅)ရက်က Billboard 200 မှာ နံပါတ် (၆၁) ချိတ်ခဲ့ပြီး ကိုရီးယားအနုပညာရှင်တွေထဲမှာ ပထမဆုံး (၁၀၀) အတွင်း ဝင်ခဲ့တဲ့ K-Pop Album ဖြစ်ခဲ့တာပါ။

 

3. BLACKPINK


Billboard 200 မှာ Album အချပ်ရေအများဆုံးနဲ့ အမြင့်ဆုံး ရပ်တည်နိုင်တဲ့ အမျိုးသမီး K-Pop အဖွဲ့ဖြစ်ပါတယ်။ ၂၀၁၈ ဇွန်လ (၃၀)ရက်မှာ Square Up က နံပါတ် (၄၀)၊ ၂၀၁၉ ဧပြီ (၂၀)ရက်မှာ Kill This Love က နံပါတ် (၂၄)၊ ၂၀၂၀ အောက်တိုဘာ (၁၇)မှာ The Album က နံပါတ် (၂) ချိတ်ခဲ့တာပါ။ BLACKPINK ဟာ Billboard 200 မှာ အချိန်အကြာမြင့်ဆုံး ရပ်တည်နိုင်တဲ့ K-Pop အဖွဲ့အဖြစ်လည်း The Album က (၂၆)ပတ်နဲ့ စံချိန်တင်ထားပါတယ်။

 

4- TWICE


TWICE ရဲ့ Album (၂) ချပ်ကတော့ Billboard 200 မှာ စာရင်းဝင် ထားပါတယ်။ ၂၀၂၀ ဇွန်လ (၁၃)ရက်မှာ More & More က Billboard 200 ရဲ့ နံပါတ် (၂၀၀)မှာ ရပ်တည်ခဲ့တာဖြစ်ပြီး ၂၀၂၀ ဒီဇင်ဘာ (၁၉)ရက်မှာ Eyes Wide Open က အဆင့် (၇၂)မှာ ရပ်တည်ခဲ့တာပါ။

 

5. LOONA


LOONA ကတော့ 4th Generation မှာ Billboard 200 စာရင်းဝင်တဲ့ ပထမဆုံးအမျိုးသမီး K-Pop အဖွဲ့အဖြစ် မှတ်တမ်းဝင်ထားပါတယ်။ သူတို့က 12:00 Album နဲ့ ၂၀၂၀ နိုဝင်ဘာ (၂၁)ရက်က Billboard 200 မှာ နံပါတ် (၂၅) ချိတ်ခဲ့တာဖြစ်ပြီး အမျိုးသမီး K-Pop အဖွဲ့တွေထဲမှာ BLACKPINK ပြီးရင် အမြင့်ဆုံးရပ်တည်နိုင်တဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။

 

6. ITZY


Billboard 200 စာရင်းဝင်တဲ့ နောက်ဆုံး အမျိုးသမီး K-Pop အဖွဲ့ကတော့ ITZY ဖြစ်ပါတယ်။ သူတို့ဟာ ၂၀၂၁ မေလ (၁၅)ရက်နေ့က Guess Who နဲ့ Billboard 200 မှာ နံပါတ် (၁၄၈) ချိတ်ခဲ့တာပါ။

Ref: SB

You cannot copy content of this page