K pop

■ B.I အတွက်ရင်နာပြီး ကိုရီးယားအစိုးရရှေ့နေနဲ့ မီဒီယာတွေကို ပရိသတ်တွေ ပြင်းပြင်းထန်ထန် ဝေဖန်

—- ပရိသတ်တွေက တစ်ကိုယ်တော် အဆိုတော် B.I အပေါ် ကိုရီးယားမီဒီယာတွေနဲ့ ကိုရီးယားအစိုး ရရှေ့နေတွေဟာ အလွန်ညစ်ပတ်လွန်းတယ်လို့ ပြင်းပြင်းထန်ထန်ဝေဖန်နေခဲ့ကြပါတယ်။

B.I ဟာ မူးယစ်ဆေးဝါးပြဿနာကြောင့် iKON နဲ့ YG Entertainment နဲ့ လမ်းခွဲခဲ့သလို နှစ်အနည်း ငယ်ကြတဲ့အထိ အနုပညာလှုပ်ရှားမှုတွေမလုပ်ဘဲ အနားယူနေခဲ့ရတာဖြစ်ပါတယ်။ ဒါပေမဲ့ မကြာသေး ခင်မှာတော့ B.I ဟာ Full album ‘Waterfall’ နဲ့ အနုပညာ ပြန်လုပ်ခဲ့တာဖြစ်ပါတယ်။

ချိန်သားကိုက်စွာပဲ B.I အနေနဲ့ ပထမဆုံး အနုပညာလှုပ်ရှားမှုပြန်လုပ်တဲ့အချိန်မှာပဲ အပြစ်မရှိဘူးလို့ အမိန့်ချမှတ်ထားပြီးတဲ့ မူးယစ်ဆေးဝါအမှုဟာ ပြန်လည်တစ်စခန်းထလာခဲ့တာဖြစ်ပါတယ်။ ဇွန်လ 7 ရက်နေ့က ကိုရီးယားအစိုးရရှေ့နေတွေဟာ YG တည်ထောင်သူ Yang Hyun Suk ကို သူရဲ့ အနုပညာရှင်ကို ကာကွယ်ဖို့အတွက် သက်သေတွေကို ဖိအားပေးမှုနဲ့ ဖုံးကွယ်ခဲ့တယ်ဆိုပြီး တရားစွဲ ထားခဲ့ပါတယ်။

ဒါ့အပြင် အမူကင်းရှင်းကြောင်း အဖြေထွက်ထားပေးမယ့်လည်း Yang Hyun Suk ရဲ့ ဖုံးဖိမှုကြောင့်် သေချာစစ်ဆေးခဲ့ခြင်းမရှိဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ B.I ကိုပါ အစိုးရရှေ့နေတွေက ထပ်မံတရားစွဲ ခဲ့ပြန်တာဖြစ်ပါတယ်။

B.I ဟာ မကြာသေးခင်ကမှ ပြဿနာတွေကနေ ရုန်းထပြီး အနုပညာလှုပ်ရှားမှုပြန်လုပ်တဲ့အချိန်မှာပဲ ချိန်သားကိုက်စွာ အပြစ်မရှိတဲ့ အမူပြန်ပေါ်လာတာကြောင့် ပုံရိပ်တွေကျဆင်းလာတာကို ပရိသတ်တွေ က ရင်နာနေခဲ့ကြတာပါ။ ဒါ့အပြင် မီဒီယာတွေနဲ့ အစိုးရရှေ့နေတွေဟာ B.I အပေါ် ညစ်ပတ်လွန်း တယ်လို့လည်း မှတ်ချက်တွေပြုခဲ့ကြပါတယ်။

-m2t
Ref: Allkpop and K SNS

You cannot copy content of this page