K pop

■ စင်ပေါ်က Chanyeol ရဲ့ အရှက်ရစရာတစ်ခု

– – – ကွီး Chanyeol ရဲ့ စင်ပေါ်က အရှက်ရစရာတစ်ခုကို သိရင် EXO-L တွေ သဘောကျမှာ သေချာပါတယ်။

အတိတ်မှာတုန်းက EXO အဖွဲ့အနေနဲ့ iHeartRadio နဲ့ အင်တာဗျူးပြုလုပ်တဲ့အခါမှာ အင်တာဗျူးသူ က အဖွဲ့ဝင်တွေကို လတ်တလော စတိတ်စင်ပေါ်မှာ အရှက်ရစရာအခိုက်အတန့်လေးတွေရှိသလားလို့ မေးမြန်ခဲ့ပါတယ်။

မေးမြန်းမှုကိုကြားတာနဲ့ Chanyeol က ချက်ချင်းပဲ သူ့မှာတစ်ခုရှိပါတယ်လို့ ဆိုခဲ့ပါတယ်။ Chanyeol ရဲ့ ပြောဆိုမှုကို Kai ကလည်း သိချင်ဇောနဲ့ ဘာလဲလို့ မေးမြန်းခဲ့ပါတယ်။

Chanyeol က အဆိုပါ အရှက်ရစရာတစ်ခုဟာ SM Town Concert မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အနုပညာ ရှင်အားလုံး “Hope” သီဆိုနေတဲ့အချိန်တုန်းကပါလို့ ဆိုခဲ့ပါတယ်။ စင်ပေါ်မတက်ခင် သူ့မှာ ဝတ်စရာ ဘောင်းဘီအသစ်မရှိခဲ့တာကြောင့် Sehun ဆီက ငှားယူဝတ်ခဲ့ရတယ်လို့ ဆိုပါတယ်။ ပြီးတော့ဘောင်း ဘီက ဝတ်ရတာ အနည်းငယ်ကျပ်ခဲ့သလို သူ့အဝတ်အစားမဟုတ်ခဲ့တာကြောင့် တစ်မျိုးကြီးဖြစ်နေခဲ့ တယ်လို့ ပြောပါတယ်။

အဲဒါတွေထက် အရေးကြီးတဲ့အရာတစ်ခုကို Chanyeol တစ်ယောက် စင်ပေါ်တက်တဲ့အခါ မေ့သွားခဲ့ပါ တယ်။ သူတို့တွေ စင်ပေါ်မှာ ပြေးနေတဲ့အချိန် Baekhyun က Chanyeol ရဲ့အနားကို ပြေးကပ်ပြီး “ ဟေး . . . မင်းရဲ့ ဘောင်းဘီ ဇစ်ပြုတ်နေတယ်” လို့ ပြောခဲ့တာပါ။ ဇစ်ကို Chanyeol က အလျင်အမြန် ပြန်တပ်ခဲ့ပြီး အဲဒီနောက်တော့ ပရိသတ်တွေကို အားလုံးကြည့်တော့ ဆိုပြီး ယုံကြည်မှုပြန်ရခဲ့တယ်လို့ Chanyeol က ပြောခဲ့ပါတယ်။

-m2t
Ref: Koreaboo

You cannot copy content of this page