K pop

■ BTS အဖွဲ့ဆီက Taehyun ရခဲ့တဲ့ တန်ဖိုးကြီးလှတဲ့ အကြံဉာဏ်

– – – BTS အဖွဲ့ဟာ စီနီယာ အကိုကြီးတွေ ပီသစွာနဲ့ သူတို့ရဲ့ ဂျူနီယာညီလေးတွေအပေါ်….

သစ်တစ်ပင်ကောင်းရင် ငှက်တစ်သောင်းနားနိုင်တယ်ဆိုတဲ့ စကားအတိုင်း BTS ရဲ့ အောင်မြင်မှုကလည်း ဆက်နွယ်နေသူတွေအတွက်တော့ အထောက်အကူပြုစရာ သစ်တစ်ကိုင်း ဖြစ်နေတာပါ။

အထူးသဖြင့် BTS ရဲ့အောင်မြင်မှုက Big Hit က နောက်ပိုင်းပေါ်ထွက်ခဲ့တဲ့ ဂျူနီယာအဖွဲ့အတွက်တော့ တကယ့်ကို အားကိုးအားထားပြုစရာပါပဲ။ BTS ဟာ သူတို့အတွက် ရှေ့ဆုံးကနေ လမ်းဖောက်ပေးခဲ့တာလို့ ဆိုရင် မှားနိုင်မယ် မထင်ပါဘူး။

BTS ဟာ လက်ရှိ K-pop နယ်ပယ်ထဲမှာ စီနီယာအနေနဲ့ သူတို့ရဲ့ဂျူနီယာလေးတွေအပေါ်လည်း အကြံဉာဏ်ကောင်းတွေ ပေးစွမ်းလေ့ရှိတာပါ။ အေဂျင်စီတစ်ခုတည်းဖြစ်တဲ့ TXT ကတော့ BTS ရဲ့ ဆုံးမအကြံဉာဏ်တွေကို အရဆုံးလို့ ဆိုရမှာပါ။

Filmibeat နဲ့ အင်တာဗျူးမှာ TXT အဖွဲ့ဝင် Taehyun က BTS အဖွဲ့ဆီက တန်ဖိုးကြီးမားတဲ့ အကြံဉာဏ်ရခဲ့တဲ့အကြောင်းကို ထုတ်ဖော်ခဲ့ပါတယ်။ BTS အဖွဲ့ဝင်တွေပေးတဲံ့ ဒီအကြံဉာဏ်ဟာ သူတို့အတွက် အလွန်အကျိုးရှိခဲ့တယ်လို့လည်း Taehyun က ဆိုပါတယ်။

“BTS က ကျွန်တော်တို့ကို အကြံဉာဏ်တွေ အများကြီးပေးခဲ့တယ်။ အဲဒီအထဲကမှ အရေးကြီးဆုံးက Teamwork အားကောင်းဖို့ပါ။ ဖျော်ဖြေနေတဲ့အခါ ကျွန်တော်တို့ အကောင်းဆုံး လုပ်ဆောင်နိုင်ဖို့က အရေးကြီးဆုံးပါ။

ဘာလို့လဲဆိုတော့ စတိတ်စင်က အရာအားလုံးကို ပြသနိုင်တဲ့နေရာဖြစ်လို့ပါ။ ကျွန်တော်တို့အနေနဲ့ စုစုစည်းစည်းနဲ့ တစ်ယောက်နဲ့တစ်ယောက် မှီခိုရင်း ကောင်းမွန်တဲ့ ဖျော်ဖြေမှုတွေ ပြုလုပ်သွားရမှာပါ”လို့ Taehyun က ဆိုခဲ့ပါတယ်။

-Ref: Koreaboo

You cannot copy content of this page