K pop

■ BTS အဖွဲ့ဝင်တွေ ဖောက်သည်ချခဲ့တဲ့ V ရဲ့ ထူးခြားတဲ့ အကျင့် (၄) ခု

– – – V ရဲ့ ဒီအမူအကျင့်တွေထဲ တချို့တလေက အကျင့်ဆိုးလေးတွေဖြစ်နေတဲ့တိုင် ချစ်စရာကောင်းနေတာက….

BTS အဖွဲ့ဝင် V ရဲ့ ထူးခြားတဲ့အကျင့်လေးတွေကို အဖွဲ့ဝင်တွေက ဖောက်သည်ချသွားခဲ့တာပါ။ V ရဲ့ ဒီအမူအကျင့်တွေထဲ တချို့တလေက အကျင့်ဆိုးလေးတွေဖြစ်နေတဲ့တိုင် ချစ်စရာကောင်းနေတာကို တွေ့မြင်ရမှာပါ။

Jungkook လေ့ကျင့်ရေးလုပ်တဲ့အခါ

V ရဲ့ ထူးခြားတဲ့ အကျင့်တစ်ခုက Jungkook အနေနဲ့ အင်္ကျီဗလာနဲ့ လေ့ကျင့်ခန်း လုပ်တဲ့အခါ သူ့ဘေးနားသွားပြီး ရှက်သလိုလိုဖြစ်ကာ ရယ်မောနေတော့တာပါပဲ။

အိပ်ရင်းစကားပြောတဲ့ V

V က အိပ်ရင်းလမ်းလျှောက်ရုံမက ယောင်ပြီးစကားတွေ ပြောတတ်တဲ့အကျင့်လည်း ရှိပါတယ်တဲ့။ အဲဒီလို အိပ်ရင်ယောင်တဲ့အခါမျိုးမှာ V ပြောနေတာတွေကို ရှင်းရှင်းလင်းလင်းကြားရကြောင်း BTS အဖွဲ့ဝင်တွေက ဖွင့်ဟခဲ့ပါတယ်။ အထူးသဖြင့် V ဟာ အိပ်နေရင်းမုန့်တွေမှာတတ်တာပါပဲ။ တစ်ခါကဆို V ဟာ အိပ်နေရင်းယောင်ကာ J-Hope ကို မုန့်မှာခိုင်းခဲ့ကြောင်း သိရပါတယ်။

မလိုချင်တဲ့အရာတွေကို လိုက်ပေးတတ်တဲ့ V

နောက်ထပ် အကျင့်တစ်ခုကတော့ V ဟာ သူမလိုချင်တော့တဲ့အရာတွေကို BTS အဖွဲ့ဝင်တွေကို လိုက်ပေးတတ်တာပါပဲ။

V ကြောင့် Diet ကောင်းကောင်းမလုပ်ရတဲ့ BTS အဖွဲ့ဝင်တွေ

V ရဲ့ အကျင့်ဆိုးလေးတစ်ခုကလည်း ရှိနေပါတယ်။ ဒါကတော့ Diet လုပ်နေတဲ့ အဖွဲ့ဝင်တွေရှေ့မှာ V ဟာ အရသာရှိတဲ့ အစားအစာအကြောင်းတွေပြော၊ အရသာရှိတဲ့ အစားအစာတွေကို စားပြ၊ သောက်ပြတာပါပဲ။ ဒါကြောင့် V ရှိနေရင် Diet လုပ်ဖို့ခက်ခဲကြောင်း BTS အဖွဲ့ဝင်တွေက ဖွင့်ဟခဲ့ကြပါတယ်။

-Ref: Koreaboo

You cannot copy content of this page