– – -ပွဲထွက်ပြီးနောက်ပိုင်း ထိုင်းကိုပြန်သွားတဲ့အခါ Lisa က သူမကိုယ်သူမ…
BLACKPINK အဖွဲ့ဝင် Lisa ဟာ အသက်ငယ်ငယ်လေးကတည်းက ကိုရီးယားကို ရောက်ရှိနေပြီး ပွဲဦးထွက်နိုင်ဖို့အတွက် ပြင်းပြင်းထန်ထန် ကြိုးပမ်းခဲ့ရတာပါ။
ပွဲဦးထွက်နိုင်ပြီးနောက်ပိုင်း Lisa ဟာ မွေးရပ်မြေထိုင်းနိုင်ငံကို ပြန်သွားတဲ့အခါမှာတော့ သူမအနေနဲ့ ဖိအားတွေ ခံစားခဲ့ရကြောင်း ဖွင့်ဟခဲ့ပါတယ်။ BLACKPINK နဲ့ ပွဲထွက်နိုင်ခဲ့ပြီးနောက် Lisa ဟာ ထိုင်းနိုင်ငံမှာ နာမည်ကျော်ကြားနေပါပြီ။
ဒါကြောင့် သူမအနေနဲ့ ထိုင်းနိုင်ငံသူ၊ နိုင်ငံသားတွေရဲ့ Role Model ဖြစ်ဖို့ ထိုက်တန်ရဲ့လားဆိုတဲ့အတွေးမျိုး ဝင်ခဲ့မိတာပါပဲ။ “အဲဒီအချိန်တုန်းက ကျွန်မအနေနဲ့ သူတို့ရဲ့ Role Model ဖြစ်ဖို့ ထိုက်တန်ရဲလားဆိုတာ မသေချာခဲ့ပါဘူး”လို့ Lisa က ဖွင့်ဟခဲ့ပါတယ်။
အဲဒီနောက်ပိုင်း သူမကိုယ်သူမ ဘယ်လိုအဆိုတော်မျိုးဖြစ်ချင်တာလဲလို့ မေးခွန်းထုတ်ခဲ့ပြီး သူမကိုယ်သူမရှာဖွေနိုင်ဖို့ ကြိုးပမ်းခဲ့ရကြောင်းလည်း Lisa က ဆိုခဲ့ပါတယ်။
-Ref: Koreaboo