K pop

■ Billboard World Digital Song Sales Chart မှာ စံချိန်သစ်တင်ခဲ့တဲ့ BTS အဖွဲ့ဝင်

—- ဒီ BTS အဖွဲ့ဝင်ဟာ Billboard World Digital Song Sales Chart မှာ စံချိန်တစ်ခုကို စိုက်ထူခဲ့…

BTS အဖွဲ့ဝင် V ဟာ Billboard World Digital Song Sales Chart မှာ ပထမဆုံး Korean Idol ဆိုတဲ့ စံချိန်တစ်ခုကို စိုက်ထူခဲ့ပါတယ်။ V ရဲ့ Solo သီချင်းတစ်ပုဒ်ဖြစ်တဲ့ ‘Stigma’ ဟာ Billboard World Digital Song Sales Chart မှာ #1 ချိတ်ဆွဲခဲ့ပြီးနောက်ပိုင်း V ဟာ ဒီဂုဏ်ပုဒ်ကို ပိုင်ဆိုင်ခဲ့ တာပါ။

အဆိုပါ ‘Stigma’ သီချင်းဟာ V ရဲ့ ပထဆုံး Solo Track ဖြစ်ပြီး 2016 ခုနှစ် BTS ရဲ့ Album ‘Wings,’ ထဲမှာပါဝင်ခဲ့တာပါ။ အဆိုပါသီချင်းဟာ V ဟာ 19 နှစ်အရွယ်နဲ့ Co-Writer လည်းဖြစ်ခဲ့ သလို Compose လည်းလုပ်ခဲ့တာပါ။ BTS ရဲ့ Secret Weapon – Kim Taehyung ၊ aka V (၈) နှစ်ပြည့်နှစ်ပတ်လည်အတွက် ပရိသတ်တွေ ဂုဏ်ပြုတာကြောင့် Billboard World Digital Song Sales Chart မှာ #1 ချိတ်ဆွဲခဲ့တာဖြစ်ပါတယ်။

ဒီလို ပထမဆုံး Solo သီချင်း ‘Stigma’ #1 ချိတ်ဆွဲခဲ့တာကြောင့် Billboard World Digital Song Sales Chart မှာ ‘Inner Child’ ၊ ‘Singularity’ အပါအဝင် Solo သီချင်း (၃)ပုဒ် #1 ချိတ်ဆွဲနိုင်တဲ့ ပထမဆုံးနဲ့ တစ်ဦးတည်းသော Korean Idol အဖြစ် V က မှတ်တမ်းဝင်ခဲ့တာဖြစ်ပါတယ်။

-m2t
Ref: Allkpop

You cannot copy content of this page