—- GOT7 အဖွဲ့ဝင် Bam Bam က သူ့အနေနဲ့ JYP ကို Instagram မှာ Unfollow လုပ်ခဲ့တာနဲ့ ဓါတ် ပုံတွေ ဖျက်လိုက်တာကို ရှင်းပြခဲ့ပါတယ်။
မကြာသေးခင်က Bam Bam ဟာ VOGUE Korea နဲ့ အင်တာဗျူးပြုလုပ်ခဲ့ပြီး အဲဒီမှာ JYP Entertainment ကနေ လမ်းခွဲခဲ့တဲ့အကြောင်းတွေရယ် Park Jinyoung နဲ့ မိသားစုလို ဆက်ဆံရေး ရှိနေကြောင်းတွေကို ပြောပြခဲ့တာပါ။
ပထမဆုံးအနေနဲ့ Bam Bam က “ အစပထမှာ ကျွန်တော်တို့ JYP ကနေ ထွက်ခွာသင့်သလား၊ မသင့် ဘူးလားဆိုတာကို တွေဝေနေခဲ့ကြပါတယ်။ ပထမဆုံးအနေနဲ့ ကျွန်တော်တို့ အေဂျင်စီကနေ ထွက်ခွာ ဖို့ စဉ်းစားခဲ့ကြတာဆိုတော့ စိတ်ရှုပ်ထွေးခဲ့ကြတာပါ။ ဒါပေမဲ့ GOT7 အတွက်ရော အေဂျင်စီအတွက်ပါ အကောင်းဆုံးဖြစ်အောင်လို့ ကျွန်တော်တို့ ထွက်ခွာခဲ့ကြတာပါ” လို့ ပြောခဲ့ပါတယ်။
GOT7 အဖွဲ့ဝင်တွေဟာ အေဂျင်စီကနေ ထွက်ခွာသွားပေမယ့် စီအီးအို Park Jinyoung နဲ့ မိသားစုလို ဆက်ဆံရေးဖြစ်နေဆဲဖြစ်ကြောင်းလည်း Bam Bam က ပြောခဲ့ပါတယ်။ “ မကြာသေးခင်က ကျွန် တော် JYP PD-nim နဲ့ အပြင်ထွက်ပြီး ထမင်းထွက်စားခဲ့ပါသေးတယ်။ Park Jinyoung က ကျွန်တော် ဟာ JYP ရဲ့ မိသားစုတစ်ဦးဖြစ်နေဆဲဖြစ်ပြီး အနာဂတ်မှာ Collaboration လုပ်ချင်တယ်လို့ ပြောခဲ့ပါ တယ်။ ကျွန်တော်ဟာ JYP အေဂျင်စီကနေ ဘွဲ့ရခဲ့ပြီး ကမ္ဘာအသစ်ကို စွန့်စားခန်းဖွင့်ရမယ်လို့ ခံစားရ ပါတယ်။ အခုအချိန် အေဂျင်စီအသစ်မှာ သူငယ်ချင်းသစ်တွေလည်းရနေပါပြီ။ ကျွန်တော့်ရဲ့ အုတ်မြစ် ဟာ JYP ဆိုတာ ဘယ်တော့မှ မမေ့ပါဘူး” – Bam Bam
ထပ်ပြီးတော့ Bam Bam က သူ့အနေနဲ့ JYP ရဲ့ Instagram အကောင့်ကို ဘာကြောင့် Unfollow လုပ်ခဲ့တာလဲဆိုတာနဲ့ ဓါတ်ပုံတွေကို ဘာကြောင့် ဖျက်လိုက်သလဲဆိုတာကို ရှင်းပြခဲ့ပါတယ်။
“ PD-nim က အရင်ဆုံး မတော်တဆ ကျွန်တော့်ကို Unfollow လုပ်ခဲ့တာပါ။ အဲဒီအကြောင်းကို စား သောက်ဆိုင်မှာ ကျွန်တော်မေးကြည့်တဲ့အခါ သူက သတိမထားမိဘဲ ဖြစ်သွားလို့ ဖြေခဲ့ပါတယ်။ Instagram ကို အကျွမ်းတဝင်မသုံးတတ်ဘူးလို့လည်း ဆိုခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီတုန်းက ကျွန်တော် ဟာ နည်းနည်းလေး အချဉ်ဖောက်တာကြောင့် PD-nim ရဲ့ ဓါတ်ပုံကို ဖျက်ခဲ့တာပါ။ အဲဒီအကြောင်း ပြောတဲ့အခါ သူက ခွက်ထိုးခွက်လန်ရယ်မောခဲ့ပါတယ်” – Bam Bam
-m2t
Ref: Kstarlive