K pop

■ Jin က သူ့အကစွမ်းရည်ကို မကောင်းဘူးပြောခဲ့ပေမဲ့….

– – – Jin ဟာ သူ့အကစွမ်းရည်နဲ့ ပတ်သက်ပြီး အားမလိုအားမရဖြစ်ကာ…

BTS အဖွဲ့ဝင် ဟာ Jin အဖွဲ့ထဲမှာ အသက်အကြီးဆုံးဖြစ်တာနဲ့အညီ သူ့ရဲ့ညီငယ်လေးတွေကို အမြဲလိုလို ဂရုစိုက်တတ်သူပါ။

Jin ဟာ နွေးထွေးတဲ့နှလုံးသားပိုင်ရှင်တစ်ယောက်ဖြစ်ပြီး ဒါကို Variety Show တွေ၊ Reality Show တွေမှာ ပရိသတ်တွေ အမြဲလိုလို မြင်တွေ့နိုင်ပါတယ်။ Jin ဟာ Big Hit ကို ရောက်မလာခင်တုန်းက မင်းသားဖြစ်လို့ အိပ်မက်မက်ခဲ့တာ ဖြစ်ပါတယ်။

Idol တစ်ယောက်နဲ့ သက်ဆိုင်တဲ့ အဆို၊ အက၊ ရက်တွေကို Jiin ဟာ BTS အဖွဲ့ဝင်ဖြစ်တော့မှ စတင်လေ့လာခဲ့ရပါတယ်။ ဒါပေမဲ့ ဒီနှစ်တွေမှာ Jin ဟာ အစွမ်းကုန်ကြိုးပမ်းခဲ့ပြီး BTS အဖွဲ့ရဲ့ ခက်ခဲလှတဲ့ ကကွက်တွေကိုလည်း အရည်အချင်းရှိရှိ ဖျော်ဖြေနိုင်ခဲ့တာပါ။

ဒါပေမဲ့ အကစွမ်းရည်နဲ့ ပတ်သက်ပြီး Jin ဟာ သူ့ကိုယ်သူ အမြဲလိုလို သံသယဖြစ်နေပါတယ်။ 2021 New Year’s Eve Live ပွဲမှာလည်း Jin ဟာ သူ့အကစွမ်းရည်နဲ့ ပတ်သက်ပြီး အားမရကြောင်း ဖွင့်ဟခဲ့ပြန်ပါတယ်။ သူဟာ ကတာနဲ့ သိပ်မတူဘဲ ခန္ဓာကိုယ်လှုပ်ရှားတာမျိုးနဲ့ ပိုတူနေကြောင်း Jin က ဖွင့်ဟခဲ့ပါတယ်။

ဒီအခါမှာတော့ V က Jin ဘက်ကနေ ကာကွယ်ထောက်ခံပေးခဲ့ပြီး Jin ပြောတာကို လက်မခံကြောင်း ဆိုခဲ့ပါတယ်။ “ကျွန်တော်တို့ရဲ့ အကြီးဆုံး Hyung ရဲ့ အကစွမ်းရည်က အံ့မခန်းပဲဗျ။ ဒါကြောင့် သူပြောတာကို ကျွန်တော်တော့ သဘောမတူဘူး”လို့ V က ဆိုခဲ့တာပါ။

ဒါက V အနေနဲ့ Jin ကို ကာကွယ်ပေးခဲ့တာ ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ MAP OF THE SOUL: 7 အတွက် အင်တာဗျူးမှာလည်း Jin က သူ့အနေနဲ့ တခြားအဖွဲ့ဝင်တွေလို ကကွက်တွေကို လျင်လျင်မြန်မြန်သင်ယူနိုင်စွမ်း မရှိဘူးလို့ ဖွင့်ဟခဲ့ရာမှာ V က လက်ကိုကုတ်ပြီး အဲဒီလိုမပြောဖို့ ဆိုခဲ့ပါသေးတယ်။

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *

You cannot copy content of this page