K pop

■ TWICE အဖွဲ့ဝင်တွေကို မိခင်တစ်ဦးလို Sana လုပ်ပေးလေ့ရှိတဲ့ အရာတစ်ခု

—- Sana ဟာ TWICE အဖွဲ့ဝင် ညီအစ်မတွေကို ဘယ်လောက်တောင် ချစ်သလဲဆိုတာ…ဒါက သက်သေပါပဲ…

TWICE အဖွဲ့ဟာ မကြာသေးခင်က Radio Star အစီအစဉ်မှာပါဝင်ခဲ့ပြီး အဲဒီမှာ အကြောင်းအရာမျိုးစုံ ကို ပြောခဲ့သလို Sana ရဲ့ မိခင်တစ်ဦးလို အဖွဲ့ဝင်တွေအပေါ် လုပ်ပေးလေ့ရှိတဲ့အရာတစ်ခုကို ပြောပြ ခဲ့ကြပါတယ်။

အစီအစဉ်မှာ Host တွေထဲက တစ်ဦးဖြစ်တဲ့ Defconn က “ Jihyo …မင်းပြောခဲ့ဖူးတယ်။ Sana မှာ အဖွဲ့ဝင်တွေအပေါ် သူ့ရဲ့အချစ်တွေဖော်ပြတဲ့နည်းလမ်းတစ်ခုရှိတယ်ဆို ဟုတ်လား” လို့ မေးခဲ့ပါ တယ်။

အဲဒီအခါ Jihyo က “ ဟုတ်ပါတယ်။ Sana ဟာ ဒီလိုမျိုးလုပ်ရတာ အရမ်းနှစ်သက်တဲ့သူဖြစ်ပါတယ်။ သူမဟာ ကျွန်မတို့ရဲ့ နားတွေကို အမြဲတမ်းသန့်ရှင်းရေးလုပ်ပေးပါတယ်” လို့ပြောခဲ့ပါတယ်။

Host ဖြစ် သူတွေက ဘယ်လိုလုပ်ပေးတာလဲလို့ ထပ်မေးတဲ့အခါမှာတော့ Jihyo က “ Sana ဟာ သူမရဲ့ပေါင် ပေါ်မှာ ကျွန်မတို့ ဦးခေါင်းတွေလှဲခိုင်းပြီး နားကို သေချာသန့်ရှင်းရေးလုပ်တာပါ။ သူမရဲ့ အဲဒီအပြုအမူ ဟာ ကျွန်မရဲ့ အမေကိုတောင် သတိရစေပါတယ်” လို့ ပြောခဲ့ပါတယ်။

နောက်ပြီး Sana ဟာ အဲဒီအပြုအမူကို သူမတို့နေထိုင်တဲ့ Dorm မှာတင်လုပ်တာမဟုတ်ဘဲ MV တွေ ရိုက်နေရင်းနဲ့ အချိန်တွေရှိရင် လုပ်ပေးတယ်လို့လည်း Jihyo က ပြောခဲ့ပါတယ်။ Nayeon က ထပ်မံ ပြီး Sana ဟာ နားဖားချီးကိုတွေ့ရင် မနေနိုင်တဲ့သူဖြစ်ပြီး ဒါကြောင့် သန့်ရှင်းရေးလုပ်တာပါလို့ ပြောခဲ့ ပါတယ်။

-m2t
Ref: Koreaboo

 

You cannot copy content of this page