K pop

■ အသက် (၅)နှစ်အရွယ် Jisoo Version နဲ့ အရွယ်ရောက်ပြီးသား Jisoo (5)ကိုယ်ခွဲ Version ဘယ်ဟာကို Lisa ရွေးမလဲ

— Idol တွေနဲ့ ပရိသတ်တွေရဲ့အကြားမှာ ဆက်သွယ်မှုများစွာရှိကြပြီး တစ်ခုကတော့ Q & A လေးဖြစ်ပါ တယ်။ ပရိသတ်တွေက သူတို့ချစ်တဲ့ Idol တွေကို ပေါက်ပေါက်ရှာရှာတွေမေးကြသလို Idol တွေက လည်း ချစ်စရာကောင်းတဲ့နည်းလမ်းတွေနဲ့ ပြန်ဖြေကြတာပါ။

တစ်ခါတုန်းက BLINK တစ်ဦးဟာ Lisa ကို Jisoo နဲ့ပတ်သက်ပြီး မေးခွန်းတစ်ခုမေးခဲ့ပါတယ်။ အသက် (၅)နှစ်အရွယ် Jisoo Version နဲ့ အရွယ်ရောက်ပြီးသား Jisoo (5)ကိုယ်ခွဲ Version ဘယ်ဟာ ရွေးမလဲဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။

ဒီမေးခွန်းနဲ့ပတ်သက်ပြီး Lisa မှာ အဖြေရှိသလို ဖြေဆိုပုံကလည်း Cute ဖြစ်လွန်းခဲ့တာပါ။ Lisa က အသက် (၅)နှစ်အရွယ် Jisoo Version ကို ရွေးချယ်ခဲ့ပါတယ်။ ဘာလို့ရွေးချယ်ခဲ့တာလည်းဆိုတာ အကြောင်းပြချက် (၂)ခုကို လည်း ပေးခဲ့ပါတယ်။

တစ်ခုကတော့ Jisoo ဟာ စူပါ Cute ဖြစ်လွန်းတာကြောင့် ရွေးတာလို့ ပြောခဲ့သလို နောက်တစ်ခုက တော့ (5)နှစ် Jisoo ဖြစ်တာကြောင့် သူမကို ပြန်မဖိုက်နိုင်ဘူးလို့ Lisa က အကြောင်းပြချက်ပေးခဲ့တာ ဖြစ်ပါတယ်။

BLINK တွေဟာ BLACKPINK အဖွဲ့ဝင်တွေကြားထဲက တစ်ခါတစ်လေ ပရမ်းပတာနိုင်ပြီး ရယ်မော ပျော်ရွှင်စ ရာကောင်းတဲ့ အပြုအမူတွေကို ချစ်ခင်ကြပြီး အခု Lisa ရဲ့ Jisoo နဲ့ ပတ်သက်ပြီး ဟာသဉာဏ်ရွှင်မှုကို အလွန်သဘောကျခဲ့ကြတာဖြစ်ပါတယ်။

-m2t
Ref: Koreaboo

You cannot copy content of this page