K pop

■ (၁၇) ပေါင်အထိ ဝိတ်တက်လာပြီးနောက် Diet စလုပ်ခဲ့ကြောင်း Sandara Park ဝန်ခံ

– – – ပရိသတ်တွေကတော့ Sandara Park အနေနဲ့ ဘယ်လိုပုံစံမျိုးပဲဖြစ်ဖြစ် လှပပြီး ….

2NE1 အဖွဲ့ဝင်ဟောင်း Sandara Park ဟာ တလောတုန်းက Instagram မှာ ပုံရိပ်တချို့ကို မျှဝေခဲ့ပါတယ်။

Dara အနေနဲ့ ငှက်ပျောသီးစားနေတဲ့ ဓာတ်ပုံတွေကို တင်ခဲ့တာဖြစ်ပြီး အဲဒီဓာတ်ပုံတွေထဲမှာ Dara က အလွန်ချစ်စရာကောင်းနေတာကို တွေ့မြင်ရမှာပါ။ Dara က “ငှက်ပျောသီးက အရသာသိပ်ရှိတာပဲ။ ရိုက်ကူးရေး မလုပ်ခင် ဗိုက်ပြည့်ဖို့ ကြိုးစားရပါတယ်။ Ramen…chicken…ddukbokki…chapaghetti… အားလုံးကို စားချင်လိုက်တာ”လို့ ရေးသားထားခဲ့ပါတယ်။

အဲဒီမှာ အဆိုတော် Younha က “ဘာကြောင့် Diet လုပ်နေတာလဲ”လို့ မှတ်ချက်ရေးသားခဲ့တာ တွေ့ရပါတယ်။ ဒါကို Dara က “ငါအခုဝိတ်တက်နေပြီ။ စားသမျှက အရသာ ရှိလိုက်တာ”လို့ Reply ပြန်ခဲ့ပါတယ်။

KBS2 က ထုတ်လွှင့်တဲ့ Problem Child in the House ရဲ့ အပိုင်းတစ်ပိုင်းမှာတော့ Sandara Park က သူမအနေနဲ့ Diet မလုပ်ဘဲ ပင်ကိုယ် ကိုယ်အလေးအချိန် ၈၄ ပေါင်ကနေ ၈၆ ပေါင်အချိန် ထိန်းထားနိုင်ခဲ့ကြောင်း ဖွင့်ဟခဲ့ပါတယ်။

ဒါပေမဲ့ နောက်တော့ ၁၅ ပေါင်ကနေ ၁၇ ပေါင်အထိ ဝိတ်တက်လာပြီးနောက်မှာ သူမအနေနဲ့ ဘဝမှာ ပထမဆုံးအကြိမ် gym membership အတွက် ပေးချေခဲ့ရပြီး ဝိတ်ချဖို့အတွက် အာရုံစိုက်ခဲ့ရကြောင်း ဆိုခဲ့ပါတယ်။

ပရိသတ်တွေကတော့ Sandara Park အနေနဲ့ ဘယ်လိုပုံစံမျိုးပဲဖြစ်ဖြစ် လှပပြီး ချစ်စရာကောင်းပြီးသားလို့ မှတ်ချက်ပြုခဲ့ကြပါတယ်။

-Ref: Koreaboo

You cannot copy content of this page