K pop

■ Follower တွေ ဆုံးရှုံးသွားတဲ့တိုင် BTS ကို ဆက်လက်အားပေးသွားမယ်ဆိုတဲ့ နာမည်ကျော် စာရေးဆရာ

– – – BTS ကိုအားပေးဝန်းရံမှုကြောင့် အဲဒီစာရေးဆရာဟာ Follower တွေ ဆုံးရှုံးသွားခဲ့ရတယ်လို့ ဆိုခဲ့ပြီး….

နာမည်ကျော် စာရေးဆရာ Paulo Coelho ဟာ The Alchemist စာအုပ်နဲ့ နိုင်ငံတကာ အရောင်းရဆုံးစာရင်းဝင်ခဲ့ပြီး လူသိများကျော်ကြားသူပါ။

Paulo Coelho ဟာ နာမည်ကျော် K-pop အဖွဲ့ BTS ထံ သူ့ရဲ့Hippie စာအုပ်ကို လက်ဆောင်ပေးပြီး အားပေးဝန်းရံခဲ့ဖူးပါတယ်။ Paulo Coelho ဟာ BTS အဖွဲ့အပေါ် အားပေးထောက်ခံမှုတွေ ပြုလုပ်ထားပြီး Butter သီချင်းထွက်ရှိစဉ်ကလည်း ဂုဏ်ပြုထားခဲ့ပါတယ်။

အဲဒီလို BTS ကို ဂုဏ်ပြုခဲ့ပြီးနောက် Paulo Coelho က သူ့အနေနဲ့ လူမှုကွန်ရက်မှာ Follower တွေ ကျဆင်းသွားခဲ့ရကြောင်း ဖွင့်ဟခဲ့ပါတယ်။ ဒါပေမဲ့ Paulo Coelho က သူ့အနေနဲ့ BTS ကို ဆက်လက်အားပေးဝန်းရံသွားဦးမယ်လို့ ဖွင့်ဟခဲ့ပါတယ်။

“BTS အဖွဲ့အပေါ် ဂုဏ်ပြုတဲ့ Tweet တင်ခဲ့တာကြောင့် Follower တွေအများကြိး ဆုံးရှုံးခဲ့ရပါတယ်။ ဒါပေမဲ့ ဒါက ကိုယ်လေးစားတဲ့သူအပေါ် အားပေးတဲ့အခါ ဒီလိုမျိုး ပေးဆပ်ရတတ်ပါတယ်။ ဒီကောင်လေးတွေက အခက်အခဲအများကြီးကို ကျော်ဖြတ်လာရတာပါ”လို့ Paulo Coelho က ရေးသားခဲ့ပါတယ်။

အဲဒီနောက် Paulo Coelho ကို ပရိသတ်တွေက အားပေးခဲ့ကြပြီး Paulo Coelho က လည်း သိပ်ပြီးစိုးရိမ်စရာမရှိကြောင်း တုံ့ပြန်ခဲ့ပါတယ်။

-Ref: Koraeboo

You cannot copy content of this page