– – – BLACKPINK အဖွဲ့က Cute Type ထက် Strong ဘက်ကို သွားပေမဲ့ သူတို့ရဲ့ နှလုံးသားတွေက မိန်းကလေးပီပီ အလွန်နူးညံ့တယ်ဆိုတာကို …
BLACKPINK အဖွဲ့ဝင်တွေက သူတို့ရဲ့ ခံစားချက်ကို ထုတ်ပြဖို့ ရှက်ရွံနေသူမဟုတ်ပါဘူး။ သူတို့ဟာ ပရိသတ်တွေရဲ့ အချစ်တွေကို မြင်ရတဲ့အခါ အခုလို မျက်ရည်လေးစမ်းစမ်းနဲ့ ပီတီဖြစ်တတ်သလို၊ အခက်အခဲတွေကို ရင်ဖွင့်တဲ့အခါမျိုးမှာလည်း မျက်ရည်တွေ အလိုလို စီးကျလာတတ်ပါတယ်။
Jennie
BLACKPINK အဖွဲ့မှာ အဝေဖန်ခံဆုံးကို ပြပါဆိုရင်တော့ Jennie ကို ပြရမှာပါ။ အဖွဲ့ထဲမှာ Solo စောထွက်တာအစ၊ အဝတ်အစားအဆုံး ဘာမဆိုင်၊ ညာမဆိုင်နဲ့ ပုတ်ခတ်ခံခဲ့သူ ဖြစ်ပါတယ်။ ဒါ့ပြင် Dating, Scandal တွေကလည်း Jennie ဆီမှာ ရစ်ဝဲနေတယ်။ အဲဒီလို မကောင်းပြောနေတဲ့အချိန်မှာ သူ့ကို အားပေးခဲ့တဲ့လူတွေ အများကြီး ရှိတယ်ဆိုတာ Jennie မြင်ရတဲ့ အချိန်မှာ မျက်ရည်စီးကျရုံကလွဲလို့ သူ ဘာမှမတတ်နိုင်ခဲ့ပါဘူး။
Rosé
Rosé က BLACKPINK အဖွဲ့ဝင်တွေထဲမှာ ခံစားချက်အနူးညံ့ဆုံးပါပဲ။ သူ့ကို ရင်ထဲထိအောင် လုပ်ဖို့က သိပ်မခက်ဘူးလို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ Concert တစ်ခုမှာ Rosé ဟာ သူတို့ကို အားပေးတဲ့ ပရိသတ်တွေကို ကျေးဇူးတင်ကြောင်း၊ အဖွဲ့ဝင်တွေနဲ့ နောက်ကွယ်က ကြိုးစားပေးနေတဲ့ သူတွေအားလုံးက မိသားစုဝင်တွေ ဖြစ်ကြောင်း ပြောဆိုရင်း သူတို့ရဲ့ကျေးဇူးတရားကို အောက်မေ့ကာ ငိုခဲ့တာပါ။
Lisa
BLACKPINK အဖွဲ့ရဲ့ အငယ်ဆုံးလေး Lisa က တောက်ပတဲ့ Personality ကို ပိုင်ဆိုင်ထားသူဖြစ်သလို၊ ခံစားလွယ်သူ ဖြစ်ပါတယ်။ သူတို့ သီချင်းတွေကို ပရိသတ်တွေ အသိအမှတ်ပြုတယ်ဆိုရုံနဲ့ Lisa က အလိုလိုနေရင်း မျက်ရည်ဝေ့တတ်လာတတ်တယ်လို့ ဆိုပါတယ်။
Jisoo ကတော့ လူမြင်ကွင်းမှာ မျက်ရည်တွေကို သိပ်ပြီး ထုတ်ပြတတ်သူ မဟုတ်ပါဘူး။ အဖွဲ့ဝင်တွေက ခံစားလွယ်သူတွေဖြစ်လို့ Jisoo က အစ်မကြီးပီပီ နေထိုင်တာဖြစ်ပါတယ်။ ဒါပေမဲ့ Jisoo ဟာလည်း တစ်ခါတလေ တစ်ယောက်တည်း ခိုးခိုးငိုတတ်တယ်လို့ ဆိုပါတယ်။
– ဃဲ
Ref: Koreaboo & Photos Credit to Vogue Korea
*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***