K pop

■ သူငယ်ချင်းရဲ့ မတရားလုပ်မှုခံရတာ အပါအဝင် V ကြုံတွေ့ခဲ့ရတဲ့ နာကျင်ဖွယ်ဖြစ်ရပ်များ

– – – ဒါတွေက V တစ်ယောက် နာကျင်ခဲ့ရတဲ့ဖြစ်ရပ်တွေဖြစ်ပြီး ARMY တွေလည်း… .

BTS အဖွဲ့ဝင် V ဟာ ဒီနေ့လို အောင်မြင်တဲ့ စူပါစတားတစ်ယောက်ဖြစ်လာဖို့ အခက်အခဲများစွာကို ကျော်ဖြတ်ခဲ့ရတာပါ။ ဒီကြားကာလထဲ V တစ်ယောက် နာကျင်ဖွယ်ရာများစွာကို ကျော်ဖြတ်ခဲ့ရတာဆိုရင်လည်း မမှားပါဘူး။

BTS မှာ ဝှက်ထားခံရတဲ့အဖွဲ့ဝင်

BTS အဖွဲ့ ပွဲမထွက်ခင်မှာ V ဟာ ဝှက်ထားခံရတဲ့အဖွဲ့ဝင်ဖြစ်ခဲ့ပါတယ်။ တခြားအဖွဲ့ဝင်တွေက ပေါ်ပေါ်လွင်လွင် Vlog တွေရိုက်ပြီး ပရိသတ်တွေနဲ့ စကားပြောနေချိန်မှာ V ကတော့ အဲဒီလိုပြုလုပ်ခွင့်မရခဲ့ပါဘူး။ အဲဒီဖြစ်ရပ်ကို သူ့အနေနဲ့ အလွန်ဝမ်းနည်းရကြောင်း V က ဖွင့်ဟခဲ့ပါတယ်။

Sasaeng တွေကြောင့် နာကျင်ခဲ့ရတဲ့ V

တစ်ခါက V ဟာ Sasaeng တွေကြောင့် နာကျင်ခဲ့ရမှုကိုလည်း ဖွင့်ဟခဲ့ပါတယ်။ သူတို့တွေ လေယာဉ်စီးရင် Sasaeng တွေက နောက်ကနေ လိုက်ချောင်းပြီး သူတို့ ထိုင်ခုံအနားမှာ ထိုင်လေ့ရှိကြောင်း၊ ဒါက သူတို့ကို မသက်မသာဖြစ်စေကြောင်း V က ဖွင့်ဟခဲ့ပါတယ်။

သူငယ်ချင်းရဲ့ မတရားလုပ်မှုကို ခံခဲ့ရတဲ့ V

V ဟာ သူငယ်ချင်းဖြစ်သူရဲ့မွေးနေ့ပွဲကို သွားခဲ့ပါတယ်။ အဲဒီမှာ V ဟာ အိမ်အပြင်ဘက်မှာ လက်ဆောင်နဲ့အတူ (၃) နာရီလောက် ရပ်စောင့်ခဲ့ပေမယ့် သူငယ်ချင်းက ထွက်မလာခဲ့ပါဘူး။ နောက်ဆုံးမှာ V ဟာ မစောင့်နိုင်တဲ့အဆုံး လက်ဆောင်ကို အပြင်မှာပဲ ထားခဲ့ပြီး တစ်ယောက်တည်း ဝမ်းနည်းစွာ ပြန်လာခဲ့ရပါတယ်။ နောက်တော့မှ သိခဲ့ရတာက သူငယ်ချင်းက V ကို မနာလိုလို့ တမင်အိမ်လိပ်စာမှားယွင်းပေးတဲ့တာပါပဲ။

Taxi သမားဆီမှာ ခံလိုက်ရတဲ့ V

V ဟာ BTS နဲ့ ပွဲမထွက်ခင်က Taxi သမားတစ်ယောက်ဆီမှာ ခံခဲ့ရပါသေးတယ်။ V နဲ့ သူ့အဖေတို့ဟာ Big Hit နဲ့ စာချုပ်ချုပ်ဆိုဖို့ ဆိုးလ်ကိုလာခဲ့ရာမှာ အဝေးပြေးကားဂိတ်ကနေ Big Hit ဆီ Taxi ငှားလာခဲ့ပါတယ်။ အဲဒီမှာ Taxi သမားက ဝမ် (၁) သောင်းသာကျသင့်တဲ့ ခရီးစဉ်အတွက် V တို့ကို ဝမ် (၃၂၈၀၀) အထိ တောင်းခဲ့ပါတယ်။ အဲဒီတုန်းကတော့ V တို့က မသိလို့ ပေးခဲ့လိုက်မိပါတယ်။

-Chi Ko

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း

မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *

You cannot copy content of this page