K pop

■ ပြဿနာဖြစ်ပွားပြီးနောက် (၂) လအတွင်း ပထမဆုံးအကြိမ် Update လုပ်ခဲ့တဲ့ Seo Ye Ji

– – – Kim Jung Hyun ရဲ့ ပြဿနာမှာ ပါဝင်ပတ်သက်ခဲ့ပြီးနောက် Seo Ye Ji ဟာ ပထမဆုံးအကြိမ်….

နာမည်ကျော်ကိုရီးယားမင်းသမီး Seo Ye Ji ဟာ Kim Jung Hyun ရဲ့အပြုအမူပြဿနာနဲ့ပတ်သက်ပြီး ကြိုးကိုင်သူတစ်ယောက်လို ဝေဖန်ခံခဲ့ရပြီးနောက် ပရိသတ်တွေအကြားမှာ နှုတ်ဆိတ်ကာ ပျောက်ကွယ်နေခဲ့ပါတယ်။

အဲဒီပြဿနာတွေ ဖြစ်ပွားအပြီး (၂) လအကြာမှာတော့ Seo Ye Ji ဟာ ပထမဆုံးအကြိမ် ပရိသတ်တွေအတွက် Update ပြုလုပ်ပေးခဲ့ပါတယ်။ Star Today ရဲ့ ဖော်ပြချက်အရ Seo Ye Ji ဟာ ဇွန်လ (၁၁) ရက်နေ့မှာ သူမရဲ့ fancafe မှာ Post တစ်ခုတင်ခဲ့တယ်လို့ သိရပါတယ်။

“ကျွန်မကို ယုံကြည်ပေးတဲ့သူတွေရှိနေတာ ခံစားချက်ကောင်းမွန်စေပါတယ်”လို့ Seo Ye Ji က ရိုးရိုးရှင်းရှင်း Post တစ်ခုတင်ခဲ့တာပါ။ ဒါကြောင့် Seo Ye Ji ရဲ့ ပရိသတ်တွေကတော့ အနည်းငယ် စိတ်သက်သာရာ ရခဲ့ပါတယ်။

အဲဒီအငြင်းပွားဖွယ်ရာ ပြဿနာတွေကြောင့် Seo Ye Ji ဟာ ဇာတ်လမ်းတွဲအသစ်ကနေ နုတ်ထွက်ခဲ့ရသလို ဆုပေးပွဲ အခမ်းအနားတွေကိုလည်း တက်ရောက်နိုင်ခဲ့ခြင်း မရှိပါဘူး။

-Ref: Koreaboo

You cannot copy content of this page