K pop

■ RBW ကနေ ထွက်ခွာသွားခဲ့ပြီဖြစ်တဲ့ MAMAMOO အဖွဲ့ဝင်တစ်ဦး

– – -သူမဟာ RBW နဲ့ စာချုပ်သက်တမ်း တိုးမြှင့်ဖို့ ငြင်းဆန်ခဲ့တာဖြစ်ပြီး….

MAMAMOO အဖွဲ့ဝင် Wheein ဟာ စာချုပ်သက်တမ်း ကုန်ဆုံးပြီးနောက် RBW ကနေ တရားဝင်ထွက်ခွာသွားခဲ့ပြီ ဖြစ်ပါတယ်။

ဒါပေမဲ့ သူမအနေနဲ့ MAMAMOO အဖွဲ့နဲ့ ၂၀၂၃ ခုနှစ်အထိ ပရိုမိုးရှင်းတွေ ဆက်လက်ပြုလုပ်ရင်း အတူရှိသွားမှာဖြစ်ကြောင်း သိရပါတယ်။ Wheein အနေနဲ့ အေဂျင်စီကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ပြီး MAMAMOO နဲ့အတူ ပရိုမိုးရှင်းဆက်လုပ်ဖို့ သဘောတူညီခဲ့ကြောင်းကို RBW က ထုတ်ပြန်ခဲ့ပါတယ်။

မိမိတို့အနေနဲ့ MAMAMOO အဖွဲ့ဝင် (၃) ဦးဖြစ်တဲ့ Solar, Moonbyul နဲ့ Hwasa တို့ကို စာချုပ်သက်တမ်း တိုးမြှင့်နိုင်ခဲ့ကြောင်း၊ သူတို့ရဲ့ အိပ်မက်တွေအတွက် အစစအရာရာ ထောက်ပံ့ပေးသွားမယ်လို့ ကတိပေးကြောင်း၊ Wheein နဲ့ လေးလေးနက်နက် ဆွေးနွေးအပြီးမှာ သူမဟာ စာချုပ်မတိုးဖို့ ဆုံးဖြတ်ခဲ့ကြောင်း၊

မိမိတို့အနေနဲ့ Wheein ရဲ့ ဆုံးဖြတ်ချက်ကို လေးစားပါကြောင်း၊ သို့သော်ငြားလည်း MAMAMOO အဖွဲ့ဝင် (၄) ယောက်စလုံးဟာ အဖွဲ့လိုက် ဆက်ရှိနေမှာဖြစ်ကြောင်း၊ Wheein ဟာ ၂၀၂၃ ခုနှစ်အထိ MAMAMOO နဲ့အတူ လှုပ်ရှားမှုတွေ ဆက်လက်ပြုလုပ်ဖို့ သဘောတူညီခဲ့ကြောင်း RBW ရဲ့ ထုတ်ပြန်ချက်ထဲမှာ ပါရှိပါတယ်။

-Ref: Koraeboo

You cannot copy content of this page