K pop

■ 3 ရက်တည်းနဲ့ “Tempo” ရဲ့ Album ရောင်းအားစံချိန်ကို ချိုးခဲ့တဲ့ EXO ရဲ့ ‘Don’t Fight the Feeling’

—- EXO ရဲ့ စပါယ်ရှယ် Album သစ် ‘Don’t Fight the Feeling’ ဟာ သူတို့ရဲ့ ကိုယ်ပိုင်စံချိန်တွေ ကို ချိုးဖြတ်နေ…

EXO အဖွဲ့ရဲ့ 10 နှစ်ပြည့် Debut နှစ်ပတ်လည်အတွက် ထုတ်လွှင့်ထားတဲ့ စပါယ်ရှယ် Album သစ် ‘Don’t Fight the Feeling’ ဟာ စတင်မထုတ်ခင်ကတည်းက Pre-Order 1.2 သန်းကျော်ရောင်းချ နိုင်ခဲ့ပြီး စံချိန်သစ်တွေ တင်ခဲ့တာပါ။

ထုတ်လွှင့်ပြီးတော့လည်း YouTube Views ကိုယ်ပိုင်စံချိန်တွေနဲ့ 85 နိုင်ငံရဲ့ iTunes Album Chart တွေမှာ #1 ရပ်တည်နိုင်ခဲ့ပြီး ပထမဆုံး SM Artist ဆိုတဲ့ ဂုဏ်ပုဒ်တွေကိုလည်း ပိုင်ဆိုင်နိုင်ခဲ့တာပါ။

ဆက်ပြီးတော့ ‘Don’t Fight the Feeling’ ဟာ ထွက်ပြီး 3 ရက်နဲ့ပဲ အဖွဲ့ရဲ့ Album ရောင်းအား အများဆုံး စံချိန်တင်ထားတဲ့ “Tempo” ရဲ့ စံချိန်ကို ချိုးနိုင်ခဲ့တယ်လို့ သိရပါတယ်။ ‘Don’t Fight the Feeling’ ဟာ 3 ရက်အတွင်း Album Copies 810,000 ရောင်းချနိုင်ခဲ့ပြီး Tempo ရဲ့ 588,600 Copies ရောင်းအားကို ကျော်ဖြတ်နိုင်ခဲ့တာဖြစ်ပါတယ်။

EXO-L တွေဟာ EXO ရဲ့’Don’t Fight the Feeling’ စံချိန်တွေနဲ့ပတ်သက်ပြီး ဂုဏ်ဆာနေကြကာ လူမှုကွန်ရက်မှာ အမျိုးမျိုး ချီးကျူးနေကြပါတယ်။

-m2t
Ref: Allkpop

You cannot copy content of this page