K pop

■ JYP Artist တွေထဲမှာ Album Pre-Order အများဆုံးဖြစ်ခဲ့တဲ့ TWICE ရဲ့ Taste Of Love

—- TWICE အဖွဲ့ရဲ့ (10)ခုမြောက် Mini Album ဖြစ်တဲ့ Taste Of Love ဟာ JYP Artist တွေ ထဲမှာ Pre-Order အများဆုံးရောင်းချနိုင်တဲ့ Album တစ်ခုအဖြစ် မှတ်တမ်းဝင်ခဲ့…

2018 ခုနှစ်က TWICE အဖွဲ့ဟာ သူတို့ရဲ့ 5ခုမြောက် Mini Album “What Is Love?” ကို ထုတ်ပြန်ခဲ့ တာ ONCE တွေအားလုံးသိကြပါတယ်။ “What Is Love?” သီချင်းဟာ Hit ဖြစ်ခဲ့ပြီး Mnet Asian Music Awards မှာ Song Of The Year ဆုကိုရရှိခဲ့သလို 3နှစ်ဆက်တိုက် Song Of The Year ဆု ရရှိတဲ့ ပထမဆုံး K-pop Girl Group အဖြစ်အနေနဲ့လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

မကြာသေးခင်က TWICE အဖွဲ့ဟာ သူတို့ရဲ့ 10 ခုမြောက် Minin Album “Taste Of Love” ကိုထုတ် ပြန်ခဲ့ပြီး Title Album ဟာ “What Is Love?” ရဲ့ ခေါင်းစဉ်အဆက်ဖြစ်နိုင်တယ်လို့ သတ်မှတ်ယူဆခဲ့ ကြပြီး ONCE တွေကလည်း 10 ခုမြောက် Mini Album ကို Pre-Order တွေနဲ့ အားပေးခဲ့ကြတာပါ။

“Taste Of Love” Album ဟာ Pre-Order 530,000 ကျော်ရောင်းချနိုင်ခဲ့ပြီး JYP Artist တွေအနက် Pre-Order အမြင့်ဆုံးရောင်းချနိုင်ခဲ့တဲ့ Album တစ်ခုအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ အရင်က လည်း Pre-Order အများဆုံးရောင်းချနိုင်ထားတဲ့ အဖွဲ့မှာလည်း TWICE အဖွဲ့ပဲဖြစ်ပြီး More & More နဲ့ဖြစ်ပါတယ်။

TWICE အဖွဲ့ဟာ K-pop လောကမှာ Album ရောင်းအား 10 သန်းကျော်နဲ့ Best-selling K-pop girl group of all time အဖြစ် မှတ်တမ်းဝင်ထားတဲ့သူလည်းဖြစ်ပါတယ်။

-m2t
Ref: Allkpop

You cannot copy content of this page