K pop

■ SoundCloud မှာ First & Only Korean နဲ့ Asian အဖြစ် စံချိန်တင်ခဲ့ပြန်တဲ့ BTS အဖွဲ့ဝင်

—- BTS အဖွဲ့ဝင်တွေဟာ Record Setter တွေဖြစ်ပြီး အခုလည်း အဖွဲ့ဝင်တစ်ဦးဟာ SoundCloud မှာ First & Only Korean နဲ့ Asian အဖြစ် စံချိန်တစ်ခုကို စိုက်ထူခဲ့…

BTS အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Jimin ရဲ့ Solo Track “Promise” ဟာ SoungCloud သမိုင်းမှာ Stream အများဆုံး သီချင်းတစ်ပုဒ်အဖြစ် စံချိန်တင်ခဲ့တယ်လို့ Chart Data က ဖော်ပြခဲ့ပါတယ်။ Jimin ရဲ့ “Promise” ဟာ SoundCloud မှာ Stream 275.1 သန်းနဲ့ Stream အများဆုံး သီချင်းတစ်ပုဒ်ဖြစ်ခဲ့ တာဖြစ်ပါတယ်။

ဒါကြောင့် Jimin ရဲ့ “Promise” ဟာ SoundCloud သမိုင်းမှာ Stream အများဆုံးဖြစ်ခဲ့တဲ့ First & Only Korean ၊ Asian နဲ့ Non English-language Song အဖြစ် မှတ်တမ်းတစ်ခုကိုလည်း ရေးထိုးခဲ့ ပါတယ်။

Jimin ရဲ့ “Promise” ဟာ 2018 ခုနှစ် ဒီဇင်ဘာလ 31 ရက်နေ့ စတင်ထုတ်လွှင့်ကတည်းက SoundCloud သမိုင်းမှာ 24 နာရီအတွင်း 8.5 သန်း Stream ရရှိခဲ့ပြီး Drake’s ‘Duddy Freestyle’ (4.9Million streams) စံချိန်ကို ကျော်ဖြတ်ကာ Stream အများဆုံး Debut သီချင်းအဖြစ် စံချိန် တင်ထားတာလည်းဖြစ်ပါတယ်။

Jimin ဟာ သူ့ရဲ့ “Promise” သီချင်းကို ထုတ်တုန်းက “ ဒီသီချင်းဟာ လက်ရှိအချိန်မှာ ရုန်းကန် ခံစားနေရမှုကို မဖော်ပြနိုင်တဲ့ သူတွေအတွက် နှစ်သိမ့်ပေးတဲ့ သီချင်းတစ်ပုဒ်ဖြစ်တယ်” လို့ ပြောခဲ့ဖူး ပါတယ်။ ဒီလို အဓိပ္ပါယ်အပြည့်နဲ့ ထုတ်ဝေထားတဲ့ သီချင်းဟာ အခုအခါမှာတော့ SoundCloud ရဲ့ သမိုင်းမှာ Stream အများဆုံး သီချင်းတစ်ပုဒ်ဖြစ်ခဲ့ပါပြီ။

-m2t
Ref: Allkpop

You cannot copy content of this page