– – -EXO အဖွဲ့ဝင်တွေရဲ့ ကလေးဆိုးကြီးလို တစ်ယောက်နဲ့တစ်ယောက် စနောက်နေမှုက…
EXO ဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း DON’T FIGHT THE FEELING Album ကို ထုတ်လွှင့်ခဲ့တာပါ။
အချိန်ကာလတစ်ခုအကြာမှ ပြန်လည်မြင်တွေ့ခဲ့ရတဲ့ EXO ရဲ့ Comeback ဖြစ်လို့ EXO-L တွေအတွက်တော့ ပျော်ရွှင်ဝမ်းမြောက်စရာ ဖြစ်ခဲ့ရပါတယ်။ ရိုက်ကူးမှု နောက်ကွယ်က ပုံရိပ်ဗီဒီယိုကို ထုတ်လွှင့်ခဲ့ရာမှာတော့ EXO အဖွဲ့ဝင်တွေအကြား့ပုံရိပ်တွေက EXO-L တွေအတွက် ကြည်နူးစရာ ဖြစ်ခဲ့ရပါတယ်။
အထူးသဖြင့် Kai နဲ့ Sehun တို့ရဲ့ Chemistry ဖြစ်မှုက သဘောကျချင်စရာကောင်းခဲ့တာပါ။ Kai နဲ့ Sehun တို့ဟာ တစ်ယောက်နဲ့တစ်ယောက် စနောက်ကာ ဆော့ကစားနေကြတာ ဖြစ်ပါတယ်။
Kai ဟာ Sehun ကို ဓာတ်ပုံရိုက်ပေးခဲ့ပြီး Studio တစ်ခုလုံး သူတို့နှစ်ယောက်ရဲ့ ရယ်သံတွေရဲ့ လွှမ်းမိုးခဲ့တာပါ။ ဒီအခိုက်အတန့်လေးက EXO-L တွေရဲ့ နှလုံးသားကို ခိုးယူခဲ့တယ်လို့ ဆိုရမှာပါ။
-Ref: Koreaboo