– – – Dahyun ဟာ Moonbyul နဲ့ နှစ်ကြိမ်သာ တွေ့ဆုံခဲ့ဖူးသာ ဖြစ်ပေမဲ့…
TWICE အဖွဲ့ဝင် Dahyun ဟာ သူမရဲ့ ကြင်နာတတ်မှုနဲ့ ပတ်သက်ပြီး မကြာခဏ ချီးကျူးခံထားရသူ ဖြစ်ပါတယ်။
တစ်ခါတုန်းကတော့ Dahyun ရဲ့ အပြုအမူကြောင့် MAMAMOO အဖွဲ့ဝင် Moonbyul တစ်ယောက် မျက်ရည်လည်တဲ့အထိ ဖြစ်ခဲ့ရတာပါ။ Live တစ်ခုမှာ Moonbyul က Dahyun ဆီကနေ ဘယ်လိုလက်ဆောင်မျိုး ရသလဲ လို့ အမေးခံခဲ့ရပါတယ်။
အဲဒီမှာ Moonbyul ဟာ သူမအနေနဲ့ Dahyun ဆီကနေ ရေမွှေး၊ လိုရှင်းနဲ့ စာတစ်စောင်တို့ ရခဲ့တယ်လို့ ဆိုခဲ့ပါတယ်။ စာလိုဖတ်နေချိန်မှာ Moonbyul က မျက်ရည်တောင် ကျမိတယ်လို့ ဆိုပါတယ်။
အဲဒီနောက် Moonbyul က Dahyun ဆီကနေ လက်ဆောင်ရခဲ့ပုံကို ဖွင့်ဟခဲ့ပါတယ်။ 2018 SBS Gayo Daejeon Music Festival တုန်းက Recording မသွင်းခင်မှာ Dahyun ဟာ Moonbyul ရဲ့ နားနေခန်းထဲ ရောက်လာခဲ့ပါတယ်။
အဲဒီမှာ သူမတို့နှစ်ယောက်ဟာ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် နှုတ်ဆက်ခဲ့ပါတယ်။ အဲဒီတုန်းက Dahyun နဲ့ Moonbyul တို့ဟာ ဒုတိယမြောက်အကြိမ်မြောက် တွေ့ဆုံမှုပါ။
အဲဒီရက်အနည်းငယ် မတိုင်ခင်တုန်းက Moonbyul ရဲ့မွေးနေ့ဖြစ်ခဲ့ပြီး ဒါကို သိခဲ့တဲ့ Dahyun က မွေးနေ့လက်ဆောင် ပြင်ဆင်လာခဲ့တာပါ။ ဒီဖြစ်ရပ်ကို Moonbyul က သူမအနေနဲ့ မမျှော်လင့်ခဲ့ဘဲ မျက်ရည်ကျလုနီးပါးဖြစ်ခဲ့ကြောင်း ဖွင့်ဟခဲ့ပြီး Dahyun ကို ကျေးဇူးတင်ကြောင်း ဆိုခဲ့ပါတယ်။
-Ref: Koreaboo