— – – ၂၀၂၁ ထုတ် အကောင်းဆုံးသီချင်း (၅၀)စာရင်းမှာ BTS နဲ့ Rosé ရဲ့ သီချင်းတွေက …
အမေရိကန်နာမည်ကျော် ဂီတဝက်ဘ်ဆိုက် Billboard ဝန်ထမ်းတွေက လက်ရှိအချိန် ၂၀၂၁ ထုတ် အကောင်းဆုံးသီချင်း (၅၀)ကို ရွေးချယ်ခဲ့ရာမှာတော့ K-Pop Artist တွေထဲက BTS နဲ့ Rosé ရဲ့ သီချင်းတွေ ပါဝင်ခဲ့တာကို တွေ့ရပါတယ်။
Billboard ဝန်ထမ်းတွေက ဒီနှစ်ထုတ်တဲ့ BTS အဖွဲ့ရဲ့ ဒုတိယမြောက် အင်္ဂလိပ်သီချင်း Butter ကို အဆင့် (၂၈)နေရာမှာ ရွေးချယ်ခဲ့တာပါ။ အောင်မြင်တဲ့သီချင်းတစ်ပုဒ်ဖြစ်ပြီး BTS အနေနဲ့ အင်္ဂလိပ်သီချင်း ထပ်ထုတ်ခဲ့တာ ကောင်းတယ်လို့ သူတို့က ဆိုပါတယ်။
BLACKPINK အဖွဲ့ဝင် Rosé ရဲ့ On the Ground သီချင်းကတော့ အဆင့် (၃၉)နေရာမှာ ရပ်တည်ခဲ့ပါတယ်။ On the Ground သီချင်းဟာ Rosé ရဲ့ ပွဲထွက် Album R မှာ ပါဝင်တဲ့သီချင်းဖြစ်ပြီး အလွန်အဓိပ္ပာယ်ရှိပြီး ကောင်းတဲ့သီချင်းဖြစ်တယ်လို့ Billboard ဝန်ထမ်းတွေက ဆိုပါတယ်။
Ref: Soompi