— – – Solo Album လုပ်ပြီးသွားပြီဖြစ်ပြီး စောင့်ဆိုင်းဖို့အတွက် သူက EXO-L တွေကို တောင်းဆိုခဲ့တာပါ။
EXO အဖွဲ့ကို လွမ်းနေတဲ့ ပရိသတ်တွေအတွက် EXO ရဲ့ Special Album ကို နားဆင်ပြီး သိပ်မကြာခင်မှာပဲ D.O. ရဲ့ Solo Album ကိုပါ နားဆင်ရဖွယ်ရှိနေပါတယ်။
ဒီနှစ် ဇန်နဝါရီ (၂၅)ရက်က စစ်မှုထမ်းတာဝန်ပြီးဆုံးခဲ့တဲ့ D.O. ဟာ ပထမဆုံးအကြိမ် ပြုလုပ်ခဲ့တဲ့ V Live မှာ သူ့အနေနဲ့ Solo Album လုပ်နေကြောင်း ဖွင့်ဟခဲ့ပြီး အခုအခါမှာတော့ သူ့အနေနဲ့ Solo Album လုပ်ပြီးပြီဖြစ်ကြောင်း ပရိသတ်တွေကို အသိပေးခဲ့တာပါ။
ဇွန်လ (၁၀)ရက်က D.O. ဟာ LYSN Bubble မှာ “ကျွန်တော့်ရဲ့ Solo Album ကို အကုန်လုံးလုပ်လို့ ပြီးသွားပါပြီ။ Album ထွက်တဲ့အထိ စောင့်ကြရအောင်ပါ။ ကျွန်တော်လည်း ဘယ်လိုဖြစ်လာမလဲ အရမ်းသိချင်နေပါတယ်”လို့ ရေးတင်ခဲ့တာ ဖြစ်ပါတယ်။
EXO အဖွဲ့မှာ Chen, Baekhyun, Lay, Suho နဲ့ Kai တို့ဟာ Solo အဖြစ် ပွဲထွက်ခဲ့ကြပြီး D.O. ကတော့ Solo ပွဲထွက်တဲ့ (၆)ဦးမြောက် EXO အဖွဲ့ဝင် ဖြစ်လာဖို့ ရှိနေပါတယ်။
D.O. ရဲ့ Solo Album ဘယ်တော့ ထုတ်မလဲ။ ဘယ်လိုဖြစ်လာမလဲဆိုတာကို သတင်းတွေထွက်တာလဲ Next In က တောက်လျှောက်တင်ပေးသွားမှာ ဖြစ်ပါတယ်။
Ref: KPZ