K pop

■ Don’t Fight the Feeling MV ရိုက်ကွင်းနောက်ကွယ်ကို EXO က ခေါ်ဆောင်သွားပါလိမ့်မယ်

— – – EXO အဖွဲ့ဝင်တွေနဲ့အတူ Don’t Fight the Feeling MV ရိုက်ကွင်းနောက်ကွယ်ကို သွားကြမလား …

EXO အဖွဲ့ဟာ သူတို့ရဲ့ Don’t Fight the Feeling MV ရဲ့ behind-the-scenes video ကို ပြီးခဲ့တဲ့ ရက်ပိုင်းက ပရိသတ်တွေအတွက် ထုတ်လွှင့်ပြသခဲ့ပါတယ်။

အဲဒီ ဗီဒီယိုကလစ်မှာ EXO အဖွဲ့ဝင်တွေက ပရိသတ်တွေကို MV ရိုက်ကွင်းနဲ့ သူတို့ရဲ့ Concept တွေအကြောင်း မိတ်ဆက်ခဲ့တာကို တွေ့ရမှာပါ။

Chanyeol က EXO-L တွေကို Obsession MV က အလံတွေကို သတိထားမိလားလို့ မေးမြန်းခဲ့ပြီး သူတို့အနေနဲ့ အဲဒီအလံတွေကို ဝှေ့ယမ်းပြဖို့ မလွယ်ဘူးလို့ ဆိုခဲ့ကာ Xiumin ကတော့ ရိုက်ကွင်းရိုက်တဲ့နေ့က သူ့မွေးနေ့ဖြစ်ကြောင်း ဆိုခဲ့ပါတယ်။

EXO ရဲ့ “Don’t Fight the Feeling” MV ရိုက်ကွင်းကို အောက်က ဗီဒီယိုမှာ ခံစားနိုင်ပါတယ်။

Ref: AKP

You cannot copy content of this page