K pop

■ အခမဲ့ရုပ်သံလိုင်းသမိုင်းမှာ Rating အနိမ့်ဆုံးအဖြစ် Jiyeon ရဲ့ Imitation ဇာတ်လမ်းတွဲ မှတ်တမ်းဝင်

— – – K-Pop Idol တွေရဲ့ ဘဝအကြောင်းကို ရိုက်ကူးထားပေမဲ့ သမိုင်းမှတ်တမ်းဆိုးကို ပိုင်ဆိုင်ခဲ့တာကတော့ …

KBS2 ရုပ်သံက ထုတ်လွှင့်နေတဲ့ Imitation ဇာတ်လမ်းတွဲကတော့ အခမဲ့ရုပ်သံ (ခေါ်) Major Broadcasting Station သမိုင်းမှာ Rating အနိမ့်ဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ဇွန်လ (၁၁)ရက်က ထုတ်လွှင့်ခဲ့တဲ့ Imitation အပိုင်း (၆)ရဲ့ ပထမပိုင်းဟာ ကြည့်ရှုသူ Rating (ဝ.၇)ရာခိုင်နှုန်းရှိခဲ့ပြီး ဒုတိယပိုင်းကတော့ (ဝ.၄) ရာခိုင်နှုန်းပဲ ရှိခဲ့တာပါ။ ဒါကြောင့် Imitation ဇာတ်လမ်းတွဲဟာ အခမဲ့ရုပ်သံသမိုင်းမှာ Rating (ဝ.၄) ရာခိုင်နှုန်းနဲ့ အနိမ့်ဆုံးအဖြစ် မှတ်တမ်းဆိုးကို ပိုင်ဆိုင်ခဲ့တာပါ။

အရင်တုန်းက အခမဲ့ရုပ်သံလိုင်းသမိုင်းမှာ ကြည့်ရှုသူ Rating အနိမ့်ဆုံးအဖြစ် စံချိန်တင်ထားတာက ၂၀၁၈ နဲ့ ၂၀၁၉ မှာ ထုတ်လွှင့်ခဲ့တဲ့ Dae Jang Geum Is Watching ဆိုတဲ့ ဇာတ်လမ်းတွဲ ဖြစ်ပါတယ်။

Shin Dong-wook နဲ့ Kwon Yu-ri တို့ ခေါင်းဆောင်အဖြစ် ပါဝင်တဲ့ အဲဒီ Dae Jang Geum Is Watching ဇာတ်လမ်းတွဲဟာ (ဝ.၇)ရာခိုင်နှုန်းနဲ့ ကြည့်ရှုသူ Rating အနိမ့်ဆုံးဖြစ်ခဲ့ပေမဲ့ အခု Imitation က အဲဒီစံချိန်ကို ကျော်ပြီး အဆိုးဆုံးအဖြစ် စံချိန်ဆိုးကို ပိုင်ဆိုင်ခဲ့တာပါ။

KBS2 ရဲ့ Imitation ဇာတ်လမ်းတွဲမှာ အဓိကသရုပ်ဆောင်တွေအဖြစ် Jung Ji So, U-KISS အဖွဲ့ဝင် Jun, T-ara အဖွဲ့ဝင် Jiyeon, ATEEZ အဖွဲ့ဝင် Yunho, SF9 အဖွဲ့ဝင် Chani တို့က ပါဝင်ထားတာဖြစ်ပါတယ်။

Ref: AKP

You cannot copy content of this page