— ဇွန်လ Female Group Brand Reputation Rankings ထိပ်ဆုံးမှာ ဘယ်သူတွေ ရပ်တည်ခဲ့သလဲဆိုတာ….
ဇွန်လအတွက် Female Group Brand Reputation Rankings (30) Group စာရင်းကို Korean Business Research Institute ထုတ်ပြန်ခဲ့ပါပြီ။
ဇွန်လအတွက် Female Group Brand Reputation Rankings (30) Group စာရင်းရဲ့ ထိပ်ဆုံး နံပါတ် (၁)နေရာမှာ Rookie Girl Group aespa က အံ့အားသင့်ဖွယ် ဦးဆောင်ခဲ့တာဖြစ်ပါတယ်။ aespa အဖွဲ့အနေနဲ့ Debut လုပ်ပြီး ပထမဆုံးအကြိမ် Female Group Brand Reputation Rankings (30) စာရင်းမှာ ဦးဆောင်နိုင်ခဲ့တာပါ။ aespa အဖွဲ့ဟာ Reputation Index (3,553,551) ရရှိခဲ့ပါတယ်။
Aespa အဖွဲ့ရဲ့နောက် နံပါတ် (၂) နေရာမှာတော့ Brave Girl အဖွဲ့ကရပ်တည်နေပြီး Reputation Index (3,299,237) ရရှိခဲ့ပါတယ်။ နံပါတ် (3)မှာတော့ TWICE အဖွဲ့က Reputation Index (2,950,127) ရရှိကာရပ်တည်ခဲ့သလို နံပါတ် (4)နဲ့ (5)မှာလည်း Oh My Girl ၊ BLACKPINK အဖွဲ့တို့က အသီးသီးရပ်တည်ခဲ့တာ တွေ့ရပါတယ်။
Korean Business Research Institute ဟာ မေလ 13 ရက်နေ့ကနေ ဇွန်လ 13ရက်နေ့အထိ Female Group တွေရဲ့ အနုပညာလှုပ်ရှားမှုတွေ၊ မီဒီယာတွေရဲ့ဖော်ပြမှုတွေ၊ ဆိုရှယ်မီ ဒီယာမှာ ကျော်ကြား မှုတွေ စတဲ့ အချက်အလက်တွေကို တွက်ချက်ပြီး တစ်လအတွင်း ပေါ်ပြူလာ အဖြစ်ဆုံး ဒီစာရင်း ထုတ်ပြန်တာလည်း ဖြစ်ပါတယ်။
ဇွန်လအတွက် Female Group Brand Reputation Rankings (30) Group စာရင်း
1# aespa ၊ 2# Brave Girls ၊ 3# TWICE ၊ 4# Oh My Girl ၊ 5# BLACKPINK ၊ 6# Red Velvet ၊ 7# ITZY ၊ 8# MAMAMOO ၊ 9# Rocket Punch ၊ 10# STAYC
11# fromis_9 ၊ 12# WJSN ၊ 13# Girls’ Generation ၊ 14# woo!ah! ၊ 15# Lovelyz ၊ 16# HOT ISSUE ၊ 17# LABOUM ၊ 18# APRIL ၊ 19# Bling Bling ၊ 20# (G)I-DLE
21# DIA ၊ 22# STELLAR ၊ 23# LOONA ၊ 24# cignature ၊ 25# Dreamcatcher ၊ 26# Weeekly ၊ 27# After School ၊ 28# Apink ၊ 29# GWSN ၊ 30# TRI.BE
-m2t
Ref: Soompi