Celebrity

■ ‘Hospital Playlist 2’ ဒရာမာမှာ ဧည့်သည်သရုပ်ဆောင်အဖြစ် BTS အဖွဲ့ဝင်တွေကို ပါဝင်စေချင် တဲ့ PD Shin Wonho

—- “Reply” နဲ့ “Hospital Playlist” ဒရာမာတို့ရဲ့ ဖန်တီးရှင် PD Shin Wonho က မကြာခင်ပြသ တော့မယ့် ‘Hospital Playlist 2’ ဒရာမာမှာ BTS အဖွဲ့ဝင်တွေကို ဖိတ်ခေါ်ချင်တယ်လို့ ဖွင့်ဟခဲ့တာ ကြောင့် ARMY တွေ စိတ်လှုပ်ရှားခဲ့ကြပါတယ်။

ဇွန်လ 10 ရက်နေ့က ‘Hospital Playlist 2’ ဒရာမာအတွက် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပြီး PD Shin Wonho က BTS အဖွဲ့ဝင်တွေကို Cameo (ဧည့်သည်သရုပ်ဆောင်)တွေအဖြစ် BTS အဖွဲ့ဝင် တွေကို ဖိတ်ခေါ်ချင်တယ်လို့ ဖွင့်ဟခဲ့တာပါ။

သတင်းစာရှင်းလင်းပွဲအတွင်းမှာ မီဒီယာတွေက ‘Hospital Playlist 2’ ဒရာမာအတွက် ဧည့်သည် သရုပ်ဆောင်ပါဝင်စေချင်တဲ့သူရှိသလားလို့ မေးမြန်းခဲ့တာဖြစ်ပြီး PD Shin Wonho က အခုလိုဖြေ ကြားခဲ့တာပါ။

“ ကျွန်တော် BTS အဖွဲ့ဝင်တွေကို ဖိတ်ခေါ်ချင်ပါတယ်။ သူတို့အဖွဲ့ထဲက အချို့ဟာဆိုရင် သရုပ် ဆောင်နဲ့ အတွေ့အကြုံရှိပါတယ်။ အချို့ဒရာမာထဲမှာတောင် ပါဝင်ဖူးပါတယ်(V ကိုဆိုလိုခြင်းဖြစ်)။ တကယ်တော့ ကျွန်တော့် သမီးကြောင့်လည်းပါပါတယ်။ သမီးက ကျွန်တော့်ကို ဒရာမာထဲ BTS အဖွဲ့ဝင်တွေကို မဖိတ်ခေါ်နိုင်လို့ မကျွမ်းကျင်ဘူးဆိုပြီး ပြောခဲ့ဖူးပါတယ်။

ကျွန်တော် BTS အဖွဲ့နဲ့ တစ်ခါအလုပ်လုပ်ဖူးသလို သူတို့တွေကလည်း အလုပ်အချိန်ဇယားတွေနဲ့ ပြည့်နှက်နေတာပါ။ BTS အဖွဲ့ဝင်တွေကို အပျော်သဘောအနေနဲ့ ဖိတ်ခေါ်ချင်တာမဟုတ်ပါဘူး။ သူတို့နဲ့ ကိုက်ညီမယ့် ကာရိုက်တာကို သေချာလေးရွေးပြီး ဧည့်သည်အနေနဲ့ ပါဝင်စေချင်တာဖြစ်ပါ တယ်။ သူတို့တွေကို ဖိတ်ခေါ်ပြီး စိတ်အနှောက်အယှက်မဖြစ်အောင် ကျွန်တော် သေချာပြုလုပ်မှာပါ”

-PD Shin Wonho

BTS အဖွဲ့ဝင်တွေထဲမှာ V ဟာ ဒရာမာတွေမှာ သရုပ်ဆောင်ခဲ့ဖူးသလို ဖြစ်သလို လက်ရှိအချိန်မှာ လည်း တောင်ကိုရီးယားရုပ်ရှင်ထုတ်လုပ်သူတွေရဲ့ တောင်းဆိုခြင်းကို ခံနေရသူဖြစ်ပါတယ်။ ဒါ့အပြင် နောက်အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ World Wide Handsome ကြီး Jin ကလည်း သရုပ်ဆောင်ပိုင်းနဲ့ပတ် သက်ပြီး ပညာရေးရှိတာကြောင့် PD Shin Wonho အနေနဲ့ V ၊ Jin တစ်ဦးဦးကို ကမ်းလှမ်းချင်တာလို့ ပရိသတ်တွေက ယူဆခဲ့ကြပါတယ်။

-m2t
Ref: Allkpop

 

You cannot copy content of this page