Celebrity

■ မြောက်ကိုရီးယားမှာ K-pop တွေ လွှမ်းမိုးနေသလား

—- ကမ္ဘာအနှံ့ K-pop ယဉ်ကျေးမှုတွေ စီးဆင်းနေတာ ပရိသတ်အားလုံးသိပါတယ်။ မြောက်ကိုရီးယား မှာရော K-pop ယဉ်ကျေးမှုတွေ စိမ့်နေဝင်သလား…

မကြာသေးခင်က The New York Times ရဲ့ဖော်ပြချက်အရ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un ဟာ K-pop ဟာ မြောက်ကိုရီးယားလူငယ်မျိုးဆက်သစ်တွေရဲ့ ယဉ်ကျေးမှုနဲ့ စာရိတ္တက ဖောက်ပြန်စေတဲ့ “အလွန်တရာဆိုးရွားတဲ့ ကင်ဆာ” လို့ ကင်းပွန်တပ်ကြွေးကြော်ထားတယ်လို့ သိရ ပါတယ်။

မြောက်ကိုရီးယားသတင်းစာတွေမှာလည်း “ K-pop ဟာ မြောက်ကိုရီးယား လူငယ်တွေရဲ့ အဝတ်၊ ဆံပင်စတိုင်၊ ပြောဆိုမှု နဲ့ အပြုအမူတွေကို ပျက်စီးနေစေပါတယ်။ ဒီအခြေအနေကို မစစ်ဆေးရင် မြောက်ကိုရီးယားယဉ်ကျေးမှုတွေ တစ်စတစ်စပဲ့ပြိုကြကုန်ပါမယ်” လို့ ဖော်ပြထားခဲ့ပါတယ်။

ဒီအခြေအနေတွေကို ကြည့်ခြင်းအားဖြင့် K-pop နဲ့ ကိုရီးယားအနုပညာယဉ်ကျေးမှုတွေဟာ အိမ်နီး ချင်းရန်ဘက် မြောက်ကိုရီးယားမှာ တရားမဝင်စွာနဲ့ ထိုးဖောက်လွှမ်းမိုးမှုရှိနေတာဖြစ်ပါတယ်။ လက်ရှိ အချိန်မှာ Kim Jong Un ဟာ တောင်ကိုရီးယားရဲ့ ယဉ်ကျေးမှုတွေ နိုင်ငံအပေါ် လွှမ်းမိုးမရှိအောင် ပိတ်ဆို့မှုတွေ လုပ်ထားတယ်လို့ သတင်းစာတွေက ဖော်ပြခဲ့ပါတယ်။

ကမ္ဘာပေါ်မှာ ပရိသတ်တွေ အခိုင်အမာရရှိထားတဲ့ BTS (Bangtan Sonyeondan ၊ Bangtan Boys) ရဲ့နာမည်ကိုတောင် မြောက်ကိုရီးယားမှာ ခေါ်ခွင့်မရှိဘူးလို့ တောင်ကိုရီးယားကို ခိုလှုံလာခဲ့တဲ့ မြောက် ကိုရီးယားပြည်သူအချို့ရဲ့ ပြောကြားချက်အရ သိရှိခဲ့ရဖူးပါတယ်။ မြောက်ကိုရီးယားမှာရှိတဲ့ BTS ပရိ သတ်တွေဟာ BTS ကို နာမည်ပြောင်တွေနဲ့ ခေါ်ကြတယ်လို့လည်း သိရပါတယ်။

-m2t
Ref: Allkpop and K Media

You cannot copy content of this page