Celebrity

■ MBN ရုပ်သံလိုင်းသမိုင်းမှာ စံချိန်သစ်တင်ခဲ့တဲ့ “Bossam: Steal The Fate”

— “Bossam: Steal The Fate” ဒရာမာဟာ MBN ရုပ်သံလိုင်းသမိုင်းမှာ Viewer အမြင့်ဆုံး ဒရာမာ အဖြစ် စံချိန်သစ်တင်ခဲ့တယ်လို့ သိရပါတယ်။

မင်းသား Jung Il Woo နဲ့ Girls’ Generation အဖွဲ့ဝင် Yuri တို့ပါဝင်သရုပ်ဆောင်ထားတဲ့ သမိုင်းဒရာမာ “Bossam: Steal The Fate” ဟာ ဇွန်လ 12 ရက်နေ့က အပိုင်း 13 ကိုပြသခဲ့ပြီး MBN ရုပ်သံလိုင်း သမိုင်းတစ်လျှောက်နဲ့ ပြသခဲ့တဲ့ ဒရာမာအပိုင်းတစ်လျှောက် Viewer အမြင့်ဆုံးဖြစ်ခဲ့တာ ဖြစ်ပါတယ်။

Nielsen Korea ရဲ့ ဖော်ပြချက်အရ “Bossam: Steal The Fate” ဒရာမဟာ Nationwide Rating Viewer 8.7 ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့တာဖြစ်ပါတယ်။ ထပ်မံပြီးတော့လည်း 10 ရာခိုင်နှုန်းအထိ မြင့်တက်ဖွယ်ရှိတယ်လို့လည်း ခန့်မှန်းထားပါတယ်။ Nationwide Rating Viewer 8.7 ရာခိုင်နှုန်း ဟာ MBN ရုပ်သံလိုင်းသမိုင်းမှာ တစ်ခါမှမရဖူးတဲ့ Rating ဖြစ်ပြီး “Bossam: Steal The Fate” ဒရာမာက စံချိန်သစ်တင်ခဲ့တာပါ။

“Bossam: Steal The Fate” ဒရာမဟာ အပိုင်း 20 ထိပါဝင်တဲ့ ဒရာမာတစ်ခုဖြစ်ပြီး 13 ရက်နေ့ တနင်္ဂနွေနေ့မှာ အပိုင်း 14 ကို ပြသမှာဖြစ်သလို ဇူလိုင်လ 4 ရက်နေ့မှာ အပိုင်း 20 ဇာတ်သိမ်းပိုင်းကို ပြသမှာလည်းဖြစ်ပါတယ်။ ထပ်ပြီးတော့ “Bossam: Steal The Fate” ဒရာမာဟာ Rating တွေထပ် မြင့်လာဦးမလားဆိုတာကိုတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

-m2t
Ref: Soompi

 

You cannot copy content of this page