K pop

■ Next Level MV You Tube Views သန်း (၁၀၀) ပြည့်ရင် လုပ်မယ့်အရာကို ကြေညာခဲ့တဲ့ aespa

— – – အခု aespa ရဲ့ Next Level MV က You Tube မှာ Views (၉၅)သန်းကျော်နေပြီဖြစ်ပြီ …

ဒီနေ့(ဇွန်လ ၁၃ ရက်)မှာတော့ aespa အဖွဲ့က Next Level သီချင်းအတွက် special choreography video ထုတ်လွှင့်မယ့်အကြောင်းကို သူတို့ရဲ့ Official Twitter ကတစ်ဆင့် ကြေညာခဲ့ပါတယ်။

aespa အဖွဲ့က Next Level MV You Tube မှာ Views (၁၀၀)သန်းပြည့်ရင် အဲဒီသီချင်းရဲ့ special choreography video ကို ချက်ချင်း You Tube မှာ တင်မယ်လို့ ကြေညာခဲ့တာပါ။

မေလ (၁၇)ရက်နေ့က ထုတ်ဝေခဲ့တဲ့ aespa ရဲ့ Next Level MV ဟာ အခုဆို You Tube မှာ Views (၉၅)သန်းကျော်နေပြီဖြစ်ပြီး သိပ်မကြာခင်မှာ သန်း (၁၀၀) ပြည့်ဖို့ ရှိနေပါတယ်။

aespa ရဲ့ Next Level MV ကို အောက်က ဗီဒီယိုမှာ ကြည့်ရှုနိုင်ပါတယ်။

Ref: AKP

You cannot copy content of this page