K pop

■ COVID-19 ရိုက်ခတ်မှုရဲ့ ကောင်းကျိုး၊ ဆိုးကျိုးကို TWICE အဖွဲ့ ဖွင့်ဟ

– – – COVID-19 ကြောင့် တစ်ဖက်က ဘာတွေကောင်းလာသလဲဆိုတာ TWICE အဖွဲ့ဝင်တွေက…

တလောက ပြုလုပ်ခဲ့တဲ့ Rolling Stone နဲ့ အင်တာဗျူးမှာတော့ TWICE အဖွဲ့ဝင်တွေက COVID-19 ကြောင့် ဖြစ်ပေါ်လာတဲ့ သက်ရောက်မှုတွေနဲ့ ပတ်သက်ပြီးအမေးခံခဲ့ရပါတယ်။

အဲဒီမှာ Momo က ကပ်ဘေးကြောင့် သူမတို့အနေနဲ့ ပရိသတ်တွေကိုများစွာ လွမ်းဆွတ်ရကြောင်း ဖွင့်ဟခဲ့ပါတယ်။ “ကျွန်မတို့ လူတွေရှေ့မှာ ဖျော်ဖြေတဲ့အခါ ပရိသတ်တွေရဲ့ အော်ဟစ်အားပေးသံကို ကြားရဖို့ မျှော်လင့်ခဲ့တာပါ”လို့ ဖွင့်ဟခဲ့ပါတယ်။

ဒါပေမဲ့ COVID ကြောင့် တစ်ဖက်မှာရော ဘာတွေ ကောင်းလာသလဲဆိုတာ Nayeon က ဖွင့်ဟခဲ့ပါတယ်။ Online တွေ့ဆုံမှုတွေက ပရိသတ်တွေနဲ့ပိုပြီး နီးစပ်လာသလို ခံစားရတယ်လို့ Nayeon က ဆိုခဲ့တာပါ။

“အရင်ကဆို ပရိသတ်တွေက ကျွန်မတို့ရဲ့ Fan Meeting တွေကို လာကြပါတယ်။ အခုတော့ Online မှာပဲ လုပ်ရတာပေါ့။ အဲဒီအခါ ကျွန်မတို့က ပရိသတ်တွေရဲ့အိမ်ကို အလည်ရောက်သွားသလို ခံစားရပါတယ်။ ကျွန်မတို့ ပရိသတ်တွေရဲ့ အခန်းတွေ၊ အိမ်မွေးတိရစ္ဆာန်လေးတွေ၊ အလုပ်နေရာတွေကို မြင်ရတာ အရမ်းမိုက်တာပဲ။

သူတို့အခန်းတွေကိုကြည့်ရင်း ကျွန်မ သတိထားမိတာက ကျွန်မတို့ထုတ်ကုန်တွေ၊ ဓာတ်ပုံတွေကို မြင်ရတာပါပဲ။ ဒါက ကျွန်မကို တကယ့်ကို ထိရှစေပါတယ်။ ဒါကလည်း ပျော်စရာကောင်းတဲ့ အတွေ့အကြုံသစ်တစ်ခုပါပဲ”လို့ Nayeon က ဖွင့်ဟခဲ့ပါတယ်။

-Koreaboo

You cannot copy content of this page