– – -K-pop ကို ကင်ဆာလို့ တံဆိပ်ကပ်ခဲ့ပြီး ပြင်းပြင်းထန်ထန် ပြစ်ဒဏ်တွေချမှတ်ကာ တော်တော်လေး လူသားမဆန်ဆုံး နိုင်ငံလို့ ဆိုရမှာပါ။
မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un ဟာ K-pop ကို ဆိုးရွားတဲ့ကင်ဆာတွေလို့ တံဆိပ်ကပ်ခဲ့ပြီး သူတို့နိုင်ငံအတွင်း K-pop ကြည့်ရှုသူတွေကို ပြင်းထန်တဲ့ ပြစ်ဒဏ်တွေ ချမှတ်ဖို့ လုပ်ဆောင်ခဲ့တာပါ။
Kim Jong Un အနေနဲ့ တောင်ကိုရီးယားနိုင်ငံရဲ့ ယဉ်ကျေးမှုဖြစ်တဲ့ ကိုရီးယားဇာတ်လမ်းတွဲတွေနဲ့ K-pop တွကို ပိတ်ပင်တားဆီးတာက အခုက ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း K-pop တွေကို ကြည့်ရှုတာ၊ ပိုင်ဆိုင်ထားတာတွေအတွက် ထောင် ၅ နှစ်ကနေ ၁၅ နှစ်အထိ ချမှတ်နိုင်တဲ့ ဥပဒေကို ပြဌာန်းခဲ့ပါတယ်။
တောင်ကိုရီးယားစတိုင် စကားပြောတာ၊ စာရေးတာ၊ သီချင်းဆိုတာတွေဟာ ထောင်ဒဏ် ၂ နှစ်အထိ ချမှတ်ခံရနိုင်ပြီး တောင်ကိုရီးယားဖျော်ဖြေမှုတွေနဲ့ ပတ်သက်ပြီး မှောင်ခိုတင်သွင်းသူတွေဟာ သေဒဏ်တောင် ချမှတ်ခံရနိုင်ပါတယ်။
တောင်ကိုရီးယား အသံထွက်အတိုင်း စကားပြောတာ၊ မက်ဆေ့ချ်ပို့တာတွေကလည်း မြို့နှင်ဒဏ် ပေခံရနိုင်တဲ့ အခြေအနေပါ။ ပြဌာန်းလိုက်တဲ့ ဥပဒေအရ Kim Jong Un ဟာ မြောက်ကိုရီးယားနဲ့ မကိုက်ညီတဲ့ အရာတွေကို မဖယ်ရှားပါးက စိုစွတ်တဲ့မြို့ရိုးလို ပြိုလဲလိမ့်မယ်လို့ ယုံကြည်နေပါတယ်။
Kim Jong Un ဟာ K-pop နဲ့ ပတ်သက်ရင် အမှတ်တရရှိခဲ့သူဖြစ်ပြီး ၂၀၁၈ ခုနှစ်အတွင်း ပြုလုပ်ခဲ့တဲ့ Concert မှာ Red Velvet အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံခဲ့ပါသေးတယ်။ ဒါပေမဲ့ Kim Jong Un အနေနဲ့ အခုလို K-pop ကို တားမြစ်တာ သူ့အတွက် အသေးအမွှားသာဖြစ်ပြီး တခြားဖက်ရှင်ပစ္စည်းတွေနဲ့ ပတ်သက်ရင် သူ့ရဲ့ပိတ်ပင်မှုက ဒီထက်တောင် ပိုမိုဆိုးရွားတယ်လို့ သိရပါတယ်။
-Ref: Koreaboo