— “ Start Up” ဒရာမာနဲ့ ပရိသတ်တွေရဲ့ အသည်းကျော်ဖြစ်ခဲ့တဲ့ မင်းသား Kim Seon Ho က အေဂျင်စီက သူ့ကို ဒီအရာတစ်ခုကို မဝတ်ဆင်ဖို့ တားဖြစ်ထားတယ်လို့ ပြော…
မကြာသေးခင်က မင်းသား Kim Seon Ho ဟာ NAVER V LIVE မှာ 1 နာရီနဲ့ 15 မိနစ်လောက် Live လွှင့်ခဲ့ပြီး ပရိသတ်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ Live အတောအတွင်းမှာ Kim Seon Ho က သူ့အနေနဲ့ လက်ဝတ်ရတနာတွေကို ဝတ်ဆင်ရတာကြိုက်ပေမယ့် အေဂျင်စီက တားဖြစ်ထားတယ်လို့ ပြောပြခဲ့ပါ တယ်။
“ ကျွန်တော်ဟာ လက်ဝတ်ရတနာ၊ ဆွဲကြိုးတွေဝတ်ဆင်ရတာ နှစ်သက်ပါတယ်။ ဒါပေမဲ့ အေဂျင်စီက အဲဒါတွေမဝတ်ဖို့ တားမြစ်ထားပါတယ်။ အေဂျင်စီက တားဖြစ်ထားတာကလည်း ကျွန်တော့််အတွက် ဖြစ်ပါတယ်။
ဝန်ထမ်းတွေဟာ ကျွန်တော့်ကို တကယ်အဲဒီအရာတွေ မဝတ်စေချင်ပါဘူး။ ဝန်ထမ်းတွေဟာ အမြဲ တမ်း အဲဒီလက်ဝတ်ရတနာတွေဟာ မင်းနဲ့ ဘယ်လိုမှမလိုက်ဘူးလို့ ဆိုကြတာပါ။ ဒါကြောင့်လည်း ကျွန်တော် မဝတ်ဖြစ်တာပါ။ အခုတောင် ကျွန်တော် ဆွဲကြိုးတစ်ခုဝတ်လာပါတယ်” လို့ Kim Seon Ho က ပြောကာ ဆွဲကြိုးတစ်ခုကို ပြခဲ့ပါတယ်။
ထပ်ပြီးတော့ Kim Seon Ho က “ ဒီဆွဲကြိုးက ဒီနေ့ ကျွန်တော်ဝတ်လာတာပါ။ ဒါပေမဲ့ လူတိုင်းက ဆွဲကြိုးဟာ အရမ်းကိုတောက်ပလွန်းနေတယ်လို့ ပြောလို့ ကျွန်တော် ချွတ်ထားတာဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။
-m2t
Ref: SBSstar