— EXO အဖွဲ့ Debut လုပ်ပြီးကတည်းက K-pop လောကမှာကျင်လည်လာတာ 8 နှစ်ခန့်ရှိပါပြီ။ EXO အဖွဲ့ဝင်တစ်ဦးချင်းစီရဲ့ ကိုယ်ပိုင်အရည်အချင်း၊ အားသာချက်ကိုယ်စီနဲ့ အောင်မြင်တဲ့နာမည်တစ်လုံးစီ ကို ပိုင်ဆိုင်ထားကြတာပါ။
Rapper Chanyeol …. EXO-L တွေရဲ့ အချစ်တော်တစ်ဦးပေါ့…အဆို၊ Rap၊ တေးရေး၊ အားကစား၊ အဖက်ဖက်က ပြည့်စုံနိုင်လွန်းသူပါ….
1) Chanyeol ရဲ့ Size ကို တိုင်းတာခြင်း
EXO အဖွဲ့ထဲမှာ Chanyeol ဟာ အရပ်အရှည်ဆုံးအဖွဲ့ဝင်မဟုတ်လား။ သူ့ရဲ့ ခြေထောက်အရှည်က 185cm (6’1″) ၊ လက်အရှည်က 105cm (3’5″)၊ ပခုံးအကျယ်က 49cm (1’7″) ၊ ပေါင်ပတ်လည်က 44cm (1’5″)၊ လက်ချောင်းအရှည်က 20cm (7.9″) ရှိပါတယ်။
2) အားကစားလည်းခုံမင်တဲ့ Chanyeol
Chanyeol ဟာ အားကစားကိုလည်း ခုံမင်သူတစ်ဦးဖြစ်ပါတယ်။ အထူးသဖြင့် ဘက်စ်ကက်စ်ဘော ကစားနည်းပါ။ ဘိုးလင်းပစ်နည်းအားကစားကိုလည်း ထူးချွန်ပါတယ်။ Idol Star Athletics Championships ပြိုင်ပွဲမှာ ရွှေတံဆိပ်ဆု ၂ ခါတောင်ရခဲ့ပါတယ်။
3) သာမန်လူတွေလိုပဲ အကြောက်တရားနဲ့ မကင်းနိုင်
Chanyeol ဟာ သူ့အနေနဲ့ သာမန်သူတွေလိုပဲ အကြောက်တရားရှိပါတယ်လို့ ဝန်ခံခဲ့ပါတယ်။ သူက အကြောက်ဆုံးတစ်ခုကတော့ သွားဆေးခန်းကို သွားရတာပါတဲ့။
4) Gamer Chanyeol
အခြား Idol တွေလိုပဲ Chanyeol ဟာ အွန်လိုင်းဂိမ်းတွေဆော့ရတာနှစ်သက်သူဖြစ်ပါတယ်။ အားလပ် တဲ့အချိန်တွေမှာ ဆော့လေ့ရှိတာ EXO-L တွေ သိကြပါတယ်။
5) SM ကိုရောက်လာတာ Rapper အနေနဲ့မဟုတ်
EXO အဖွဲ့ထဲမှာ Chanyeol ရဲ့ Rap Skill ကို အားလုံးက ချီးမွမ်းကြပေမယ့် တကယ်တော့ သူဟာ SM ရောက်လာတာ Rapper အနေနဲ့မဟုတ်ပါဘူး။ Vocalist အနေနဲ့ ရောက်လာတာပါ။ ဒါပေမဲ့ သူ့ရဲ့ အသံနဲ့လိုက်ဖက်မယ့် Rapper တည်ရှိမှုကို ရွေးခဲ့တာဖြစ်ပါတယ်။
6) တူရိယာမျိုးစုံကို တီးခက်နိုင်ပြီး ရှားပါးတဲ့ Idol
Chanyeol ရဲ့ အရည်အချင်းတွေကိုပြောရင် တူရိယာမျိုးစုံတီးခက်နိုင်တဲ့ အရည်အချင်းကို ပယ်ထား လို့မရပါဘူး။ သူ့အဖေရဲ့လွှမ်းမိုးမှုကို ကျေးဇူးတင်ရမှာဖြစ်ပြီး တယော၊ ဂစ်တာ၊ ဒရမ်၊ ပီယာနို၊ Bass တို့ တီးခက်နိုင်သူဖြစ်ပါတယ်။ အခြားတစ်ဖက်မှာလည်း Composer ၊ Songwriter ၊ Producer အနေ နဲ့လည်း ရပ်တည်နိုင်သူဖြစ်ပါတယ်။
7) Brand တွေရဲ့ မော်ဒယ်
အရပ်အမောင်းမြင့်မားပြီး ခန္ဓာကိုယ်တောင့်တင်းကြံ့ခိုင်သလို ကြည့်ကောင်းတဲ့ Visual က Brand တွေရဲ့မော်ဒယ်အဖြစ် Chanyeol ကို ရွေးချယ်စေမိတာဖြစ်ပါတယ်။ Allure, Ceci, L’Officiel Hommes, Femina, Vogue Korea, GQ Korea, Celebrity, High Cut, Arena, W Korea, Super ELLE! ပေါ်မှာလည်း Chanyeol ကို ခဏခဏတွေ့မြင်ခဲ့ရတာပါ။
8) ENFJ Personality Type ရှိသူ
Chanyeol ဟာ ပွင့်ပွင့်လင်းလင်း ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့သူတစ်ဦးပါ။ ကိစ္စတိုင်းကို ထိုးထွင်းသိ မြင်နိုင်စွမ်းရှိသူဖြစ်ပြီး ခေါင်းဆောင်အရည်အချင်းနဲ့လည်း လိုက်ဖက်သူဖြစ်ပါတယ်။ သူ့ရဲ့ Charisma နဲ့ Passion ကိုလည်း EXO-L တွေ မကြာခဏတွေ့ခဲ့ရတာပါ။
-m2t
Ref: Koreaboo