K pop

■ RM ပရိသတ်တွေအားလုံး မျက်ရည်မဆည်နိုင် ဖြစ်ခဲ့ကြတဲ့ Chulmin PD ရဲ့ Lee Kwang Soo အပေါ် ဖွင့်ဟချက်

– – -Show အတွက်ပဲ ကြည့်ပြီး ခိုင်းသမျှကို ဘယ်တော့မှ မငြင်းဘဲ ပေးဆပ်တတ်သူ Lee Kwang Soo နဲ့ပတ်သက်ပြီး Chulmin PD ရဲ့ စကားသံတွေက Runner တွေရဲ့မျက်ရည်ကို ခိုးယူခဲ့ပါတယ်။

ဇွန်လ (၁၃) ရက်နေ့…ဒီနေ့ကတော့ Runner တွေအားလုံး မရောက်ချင်တဲ့ ကြေကွဲစရာ နေ့တစ်နေ့ပါပဲ။

ဒီနေ့သာကုန်ဆုံးသွားခဲ့ရင် သစ်ကုလားအုတ်လို့ အမည်ပြောင်ရထားတဲ့ အားလုံးချစ်ရတဲ့ Lee Kwang Soo ကို RM ဖန်သားပြင်ထက်မှာ ဘယ်တော့မှ ပြန်လည်မြင်တွေ့ရမလဲဆိုတာ မသေချာတော့ပါဘူး။ Lee Kwang Soo ဟာ (၁၁) နှစ်ကြာ အတူရှိခဲ့ဲတဲ့ Running Man ကို တရားဝင် နှုတ်ဆက်သွားခဲ့ပြီ ဖြစ်ပါတယ်။

Lee Kwang Soo ဟာ ပရိသတ်တွေသာမက၊ အဖွဲ့ဝင်တွေ၊ ရိုက်ကူးရေးအဖွဲ့ဝင်တွေအားလုံးရဲ့ ချစ်ခြင်းမေတ္တာကို ရယူခဲ့သူပါ။ ဒီလိုဖြစ်ရတာကလည်း အကြောင်းရှိပါတယ်။ Lee Kwang Soo ဟာ Show အတွက်ပဲ ကြည့်ပြီး ခိုင်းသမျှကို ဘယ်တော့မှ မငြင်းဘဲ ပေးဆပ်ခဲ့သူ ဖြစ်ပါတယ်။

လေယာဉ်ပျံသန်းပြီး အပြစ်ပေးခဲ့ရမဲ့အချိန်မှာ Lee Kwang Soo က ဒီလေယာဉ်ဟာ ပုံမှန်အမြင့်အတိုင်းပံျမှာလားဆိုပြီး Chulmin ကို မေးခဲ့ပါတယ်။ ဒီအခါ Chulmin က “မဟုတ်ဘူး။ ခပ်နိမ့်နိမ့်ပဲပြန်မှာ။ ဒါက ကြောက်စရာကောင်းနိုင်လို့လေ”လို့ ပြန်ဖြေခဲ့ပါတယ်။ ဒီအခါ Lee Kwang Soo က “ဖြစ်နိုင်သမျှ မြင့်မြင့်ပျံစမ်းပါဗျာ။ ပရိသတ်တွေ ကြည့်ရတာ ပျော်စရာ မကောင်းရင် ပျင်းနေကြလိမ့်မယ်”တဲ့။

အဲဒီလိုမျိုး အစွမ်းကုန်ပေးဆပ်တတ်တဲ့ Lee Kwang Soo နဲ့ ပတ်သက်ပြီး Chulmin PD ရဲ့ နှုတ်ဆက်စကားသံက ပရိသတ်တွေရဲ့ မျက်ရည်ကို ခိုးယူခဲ့တယ်လို့ ဆိုရမှာပါ။

“သူက အမြဲတမ်း ပရိုဂရမ်အတွက်ပဲ တွေးတတ်သူပါ။ သူ့ကိုယ်သူထက် Show အတွက် ပိုတွေးတတ်သူမျိုးပေါ့။ ဒီကောင်က ကျွန်တော်ထက် ငယ်ပေမဲ့ သူ့ကိုအများကြီးလေးစားရပါတယ်။ ကျွန်တော့်ရဲ့ ချစ်လှစွာသော ညီငယ်လေး Lee Kwang Soo ပေါ့။ Kwang Soo ရေ မင်းကောင်းကောင်းလုပ်နိုင်ခဲ့ပါတယ်။

ကျွန်တော့်ရဲ့ မှတ်ဉာဏ်ထဲမှာတော့ တစ်ခုခုဆိုရင် Kwang Soo က ငြင်းခဲ့တာမျိုး တစ်ခါမှ မရှိပါဘူး။ နံမည်ကတ်ခွာတဲ့ဂိမ်းမှာ ခြေချောင်းလေး ကျိုးနေရင်တောင်မှ၊ ဖျားပြီး အအေးမိတဲ့အချိန်တောင်မှ၊ ဆောင်းရာသီကြီးမှာ ရေထဲဆင်းခဲ့ရရင်တောင်မှ Kwang Soo ဟာ တစ်ခါမှ မညဉ်းညူခဲ့ပါဘူး။ Edit လုပ်နေရင်း ကျွန်တော် စဉ်းစားဖြစ်တယ်။ ဒီကောင်က သိပ်ကို ရူးချင်စရာကောင်းတဲ့ကောင်ပဲလို့။ ကမ္ဘာပေါ်မှာရှိတဲ့ လူရွှင်တော်တွေအားလုံးမြင်ရင် ရှော့ခ်ရသွားနိုင်ပါတယ်”လို့ Chulmin PD က ဖွင့်ဟခဲ့ပါတယ်။

-Ref: Koreaboo

You cannot copy content of this page