Celebrity
■ Running Man ကို မျက်ရည်တွေနဲ့ Lee Kwang Soo နှုတ်ဆက်ခဲ့ပြီ
— – – အမြဲတမ်းရယ်နေရပေမဲ့ ဒီတစ်ခါတော့ မျက်ရည်တွေက အလိုလို … Lee Kwang Soo ရဲ့ နှုတ်ဆက်စကားက
မင်းသား Lee Kwang Soo ဟာ Running Man က ထွက်ခွာခြင်းနဲ့ပတ်သက်ပြီး ရေးသားထားတဲ့ သူ့ရဲ့နှုတ်ဆက်စာကို အဖွဲ့ဝင်တွေရှေ့မှာပဲ ဖတ်ပြခဲ့တာပါ။
ဇွန်လ (၁၃)ရက်က ထုတ်လွှင့်ခဲ့တဲ့ Running Man အပိုင်းဟာ Cast Member အဖြစ် Lee Kwang Soo နောက်ဆုံးပါဝင်တဲ့ အပိုင်းဖြစ်ပြီး ပျော်စရာဂိမ်းစ်တွေ ကစားအပြီးမှာ လမ်းခွဲနှုတ်ဆက်ကာ အဖွဲ့ဝင်တွေကိုရော ကြည့်ရှုသူတွေကိုပါ မျက်ရည်ကျစေခဲ့တာပါ။
Running Man အဖွဲ့ဝင်တွေက Lee Kwang Soo အတွက် နှုတ်ဆက်စာတွေကို တစ်ဦးချင်းဖတ်ပြ(တစ်ဦးချင်းစီ ဖော်ပြပေးပါမယ်)ခဲ့ကြပြီး Lee Kwang Soo ကလည်း Running Man ကို နှုတ်ဆက်ခဲ့တာပါ။
Lee Kwang Soo က “အခု Lee Kwang Soo ဖြစ်အောင် လုပ်ပေးခဲ့တဲ့ ကျေးဇူးတင်ပါတယ်။ ကျွန်တော့်ရဲ့ နောက်ထပ်မိသားစုတစ်ခုဖြစ်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်”လို့ ဆိုပါတယ်။
ဆက်ပြီးတော့ အက်ကွဲသံနဲ့အတူ Lee Kwang Soo က “ကျွန်တော် တောင်းပန်ပါတယ်။ တောင်းပန်ပါတယ်ဗျာ။ ပြီးခဲ့တဲ့ (၁၁)နှစ်အတွင်း ကျွန်တော် အကောင်းဆုံးမလုပ်နိုင်ခဲ့တဲ့ အချိန်တွေ ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော် အကောင်းဆုံးကြိုးစားခဲ့တာချည်းပါပဲ”
“ဒီ Show က လူတွေအားလုံးဟာ အကောင်းဆုံးဖြစ်အောင် ကြိုးစားကြတာချည်းပါပဲ။ ဒါကြောင့် ဒီလူတွေကို ဆက်ပြီး အားပေးကြပါ”လို့ Lee Kwang Soo က ဆိုပါတယ်။ Lee Kwang Soo ဟာ ကား Accident ကြောင့် ဒဏ်ရာတွေကို ကုသဖို့ လိုအပ်တဲ့အတွက် Running Man ကို စွန့်ခွာခြင်းဖြစ်တယ်လို့ ကြေညာထားပါတယ်။
Ref: SBS Star
-Zawgyi ဖြင့် ဖတ်ရန်
Ref: SBS Star
You cannot copy content of this page