K pop

■ BTS နဲ့ ARMY တွေအတွက် အခက်ခဲဆုံး ကာလတွေကို RM ဖွင့်ဟ

– — BTS နဲ့ ARMY တို့ဟာ ဒီအခိုက်အတန့်တွေကို အတူတကွ လက်တွဲပြီး….

BTS’s 2021 FESTA မှာ လွန်ခဲ့တဲ့ (၈) နှစ်တာအတွင်း အမှတ်တရတွေကို စုပေါင်းထားတဲ့ ARMY Corner Store ဆိုတဲ့ ဗီဒီယိုတစ်ခုကို ထုတ်လွှင့်ခဲ့တာ ဖြစ်ပါတယ်။

BTS အနေနဲ့ ဒီနေ့လိုမျိုး ကမ္ဘာ့ထိပ်တန်းအဆင့်ကို ရောက်ရှိလာဖို့အတွက် ဘယ်လောက်အထိ ပေးဆပ်ခဲ့ရသလဲ၊ ဘယ်လိုမျိုး ခက်ခဲကြမ်းတမ်းတဲ့ လမ်းပေါင်းများစွာကို ကျော်ဖြတ်ခဲ့ရသလဲဆိုတာ ARMY တွေ အသိဆုံး ဖြစ်ပါတယ်။

အဲဒီမှာ BTS အဖွဲ့ဝင်တွေဟာ သူတို့ဖြတ်သန်းလာတဲ့ ခက်ခဲမှုတွေနဲ့ပတ်သက်ပြီး ဖွင့်ဟခဲ့တာပါ။ Suga က ARMY တွေနဲ့ သူတို့ဟာ အခက်အခဲတွေကို အတူတကွ ကျော်ဖြတ်ခဲ့ကြကြောင်း ဆိုခဲ့ပါတယ်။

RM ကလည်း ၂၀၁၅၊ ၂၀၁၆၊ ၂၀၁၇ ခုနှစ်တွေဟာ သူတု့ိနဲ့ ARMY တို့အတွက် အခက်ခဲဆုံးနေ့ရက်တွေဖြစ်ကြောင်း ထုတ်ဖော်ခဲ့ပါတယ်။

“၂၀၁၅၊ ၂၀၁၆၊ ၂၀၁၇ အဲဒီ ၃ နှစ်ဟာ ကျွန်တော်တို့နဲ့ ပရိသတ်တွေအတွက် အခက်ခဲဆုံးကာလတွေပါ။ လူတွေကလည်း ကျွန်တော်တို့ကို မုန်းကြတယ်လေ။ ARMY တွေက ကျွန်တော်တို့ကို ကာကွယ်ပေးဖို့ ကြိုးစားခဲ့ကြတယ်။ ဒီတော့ ကျွန်တော်တို့ကလည်း သက်သေပြနိုင်အောင် ပိုကြိုးစားရပါတယ်။

ဒီနှစ်ကာလတွေကို ပြန်ကြည့်ရင် ကျွန်တော့်အတွက် အဓိပ္ပာယ်အများကြီး ရှိပါတယ်”လို့ RM က ဖွင့်ဟခဲ့ပါတယ်။ BTS နဲ့ ARMY တို့ဟာ ဒီအခိုက်အတန့်တွေကို အတူတကွ လက်တွဲပြီး ကျော်ဖြတ်လာခဲ့ကြတာဖြစ်ပါတယ်။

-Ref: Koreaboo

You cannot copy content of this page