K pop

■ Running Man အဖွဲ့ဝင်တွေရဲ့ Lee Kwang Soo ကို ပြောကြားခဲ့တဲ့ နှုတ်ဆက်စကား

– – – Running Man အဖွဲ့ဝင်တွေရဲ့ Lee Kwang Soo အပေါ် နှုတ်ဆက်စကားဟာ….

SBS ဟာ ဇွန်လ (၁၃) ရက်နေ့တုန်းက Running Man မှာ Lee Kwang Soo ရဲ့ နောက်ဆုံးအပိုင်းကို ထုတ်လွှင့်ခဲ့ပြီး ဖြစ်ပါတယ်။

Runner တွေအတွက်တော့ တကယ့်ကိုကြေကွဲစရာ အခိုက်အတန့်ဖြစ်ပြီး ဘယ်လိုမှ ဖြေဆည်နိုင်မှာ မဟုတ်ပါဘူး။ Lee Kwang Soo ကို RM ဖန်သားပြင်ထက်မှာ ဘယ်တော့များမှ ပြန်လည်တွေ့ရမယ်မှန်း မသိတဲ့ ခံစားချက်က ဆိုနင့်စရာပါ။

Lee Kwang Soo ရဲ့ နောက်ဆုံးအပိုင်းမှာ Running Man အဖွဲ့ဝင်တွေက Lee Kwang Soo အပေါ် နှုတ်ဆက်စကားပြောဆိုကြတဲ့ မြင်ကွင်းတွေကလည်း လုံးဝကြေကွဲဖွယ်ရာ အခိုက်အတန့်တွေပဲ ဖြစ်ပါတယ်။

အသက်အကြီးဆုံး အဖွဲ့ဝင် Ji Seok Jin က Lee Kwang Soo ရဲ့ ခေါင်းကိ ပုတ်သပ်ရင်း ထွေးဖက်ကာ သူ့အနေနဲ့ ပုံမှန်အားဖြင့် လုပ်လေ့မရှိတဲ့ အမူအရာရဲ့ ခံစားချက်ကို ထုတ်ဖော်ခဲ့ပါတယ်။ ဒီအခါ Kwang Soo က “ရိုးရိုးသားသားပြောရရင် ကျွန်တော် အရမ်းဝမ်းနည်းမိတယ်။ ကင်မရာ စဖွင့်ကတည်းက အကို စကားတစ်ခွန်မှမပြော၊ မျက်လုံးချင်းတောင်မဆုံလို့လေ”လို့ ဆိုခဲ့ပါတယ်။

Kim Jong Kook က သူတို့အနေနဲ့ Lee Kwang Soo ကို ရိုက်ကွင်းပြင်ပမှာ တွေလို့ရကြောင်း ဆိုခဲ့ပါတယ်။ Haha ကတော့ ခံစားချက်အပြည့်နဲ့ ဒီလိုပုံစံမျိုးကို လိုချင်တာလား လို့ဆိုခဲ့ရာ “ဒီလိုမျိုး မဖြစ်ချင်ပါဘူး”လို့ Lee Kwang Soo က တုံ့ပြန်ခဲ့ရာမှာတော့အားလုံးပွဲကျခဲ့ပြန်ပါတယ်။

ဘာပဲပြောပြော ဒီအပိုင်းဟာ တကယ့်ကို ဝမ်းနည်းဖွယ်ရာ၊ ဆိုနင့်ဖွယ်ရာတွေအပြည့်နဲ့ Running Man ရဲ့ သမိုင်းမှာ မှတ်တမ်းဝင်သွားမဲ့ အပိုင်းတစ်ပိုင်းလို့ ဆိုရမှာပါ။

You cannot copy content of this page