K pop

■ သောက်နေရင်းနဲ့ ငိုခဲ့ကြပုံကို BTS အဖွဲ့ဝင်တွေ ဖောက်သည်ချသောအခါ

—- BTS အဖွဲ့ဝင်တွေဟာ သူတို့အနေနဲ့ တစ်ခွက်တစ်ဖလားသောက်နေရင်းနဲ့ ငိုခဲ့ကြပုံကို ဖောက်သည်ချခဲ့…

အေဂျင်စီဟာ YouTube ကနေတဆင့် ‘2021 BTS FESTA’ အစိတ်အပိုင်း ဗီဒီ ယိုတစ်ခုကို တင်ခဲ့ပြီး အဲဒီဗီဒီယိုထဲမှာ BTS အဖွဲ့ဟာ မေးခွန်းတွေကို ဖြေခဲ့ကြတာဖြစ်ပါတယ်။ မေးခွန်းတွေ အားလုံးထဲကမှ တစ်ခုသော မေးခွန်းကတော့ “ မကြာသေးခင်က မင်းတို့ရဲ့ ရိုးသားဆုံး ဆွေးနွေးမှုက ဘာလဲ” လို့ ဆိုတာဖြစ်ပါတယ်။

အဲဒီမေးခွန်းကို Jimin က “ ဒီရက်ပိုင်းမှာ ကျွန်တော်တို့အတူ ထိုင်ပြီး စကားတွေ မကြာခဏဝိုင်းဖွဲ့ ပြောကြပါတယ်။ ဘာတွေပြောလဲဆိုတော့ ကျွန်တော်တို့ရဲ့ အနာဂတ်တွေ ပြီးတော့…” လို့ ပြောခဲ့ပြီး စကားမဆုံးခင်မှာ V က “ ငါတို့တွေ ဒီရက်ပိုင်း တော်တော်လေးလဲ သောက်ကြတယ်လေ။ မင်း (Jimin) ငိုခဲ့တယ်” လို့ ကြားဖြတ်ပြောခဲ့ပါတယ်။

V ရဲ့ စကားကို ကြားပြီး အားလုံးက ပွဲကျအောင်ရယ်ခဲ့ကြသလို Jungkook ကလည်း “ အဲဒီနေ့ကို ကျွန်တော်လည်း တကယ်အံ့အားသင့်မိပါတယ်။ ဘာလို့လည်းဆိုတော့ Suga ဟယျောင်းကလည်း အဲဒီနေ့မှာ တော်တော်လေးကို ငိုတာပဲ” လို့ ပြောခဲ့ပါတယ်။

Suga က သူ့ဘက်လှည့်လာတော့ “ ဘာ…ဘာတွေပြောနေတာလဲ…ငါက Jimin ဘာကြောင့်် ငိုလဲ သိချင်ခဲ့တာပါ။ ရုတ်တရက်ကြီး ငိုချလိုက်တာကိုး…” လို့ ပြောခဲ့ပြန်ပါတယ်။

Jimin က ထပ်ပြီး ရယ်မောစွာနဲ့ “ နိုး…Suga …ကျွန်တော်နဲ့ အတူတူ ငိုတာကို မှတ်မိတယ်မှတ်လား။ ပြီးတော့ ကျွန်တော့်ကို ဖတ်ပြီး ငိုသေးတာလေ။ ကျွန်တော်က ဒါမျိုးကို ကြိုက်တယ်” လို့ ဆိုခဲ့ပြန်ပါ တယ်။

V ကလည်း “ မင်းတို့သိကြလား … ငါကို့ ကျိုးကြေစေတာတစ်ခုကို…အဲဒါကတော့ RM ငိုတဲ့အခါမှာပါ။ RM ငိုတဲ့အခါမှာ သူ့ရဲ့ ခန္ဓာကိုယ်ကို ဆက်တိုက်ထုနေတာလေ” လို့ ပြောတဲ့အခါ RM ကလည်း “ ဟုတ်ပါ့…နောက်ပိုင်း ငါလည်း တော်တော်လေး ငိုခဲ့တာပဲ” လို့ ရယ်မောပြီး ပြောခဲ့ပါတယ်။

-m2t
Ref: SBSstar

You cannot copy content of this page