K pop

■ Sana ရဲ့ အသက်ကို တစ်ခါကယ်ခဲ့ဖူးတဲ့ TWICE အဖွဲ့ဝင်

— ပရိသတ်တွေရဲ့ အချစ်တော် Sana တစ်ယောက် အသက်အန္တရာယ် ရင်ဆိုင်ခဲ့ဖူးပြီး ဒီ TWICE အဖွဲ့ဝင်တစ်ဦးကြောင့် ဘေးကင်းခဲ့ပုံကို ONCE တွေ သိတဲ့အခါ အံ့အားသင့်ခဲ့ကြ….

TWICE အဖွဲ့ဝင်ပါဝင်တဲ့ MBC’s ‘Radio Star’ အစီအစဉ်ကို ထုတ်လွှင့်ခဲ့ပြီး အဲဒီမှာ နတ်သမီးလေးတွေဟာ ONCE တွေမသိသေးတဲ့ ဇာတ်လမ်းတွေအများ အပြားမျှဝေခဲ့ပါတယ်။ အဲဒီမှာ Sana က သူမအနေနဲ့ တစ်ခါတုန်းက အသက်အန္တရာယ်နဲ့ရင်ဆိုင်ခဲ့ဖူး ပြီး Nayeon ကယ်တင်ခဲ့လို့ ဘေးကင်းခဲ့တာပါလို့ ဖွင့်ဟခဲ့ပါတယ်။

Sana က သူမဟာ ရေကိုဇိမ်ခံပြီး အချိန်အကြာကြီးချိုးရတာကို နှစ်သက်တဲ့သူလို့ ဆိုခဲ့ပါတယ်။ သူမ ဟာ ရေချိုးရင်း ရေခဲမုန့်စား၊ စာအုပ်ဖတ်၊ သီချင်းရေးတာကို နှစ်သက်တဲ့သူလို့ ဆိုခဲ့တာပါ။ ဒါပေမဲ့ နောက်ပိုင်းမှာ အဖွဲ့ဝင်တွေကလည်း ရေချိုးခန်းသုံးလိုတာကြောင့် ကွန်ပလိန်းတက်ခဲ့ကြလို့ သူမအနေ နဲ့ ရေချိုးချိန်ကို အကြာကြီးမလုပ်တော့ဘူးလို့ ပြောခဲ့ပါတယ်။

အရင်တုန်းက အဲဒီလို ရေချိုးချိန်အကြာကြီးကြောင့် သူမအသက်အန္တရာယ်ရင်ဆိုင်ရပုံကိုလည်း ပြော ပြခဲ့တာပါ။ သူမဟာ ရေနွေးနွေးလေးထဲမှာ စိမ်ပြီးနေရတာကို သဘောကျတာကြောင့် ၂ နာရီ လောက် အနည်းဆုံးအချိန်ကုန်ခဲ့ပါတယ်။ တစ်နေ့မှာ သူမဟာ အဲဒီလို စိမ်ပြီးနေနေတဲ့အချိန်မှာ ရုတ်တရက် သွေးဖိအားတွေကျပြီး မူးဝေလာခဲ့ကာ သတိမေ့မြောသွားခဲ့ပါတယ်။

ကံကောင်းချင်တော့ အဲဒီချိန်မှာ Nayeon ဟာ ရေချိုးခန်းအသုံးပြုဖို့သွားခဲ့ပါတယ်။ တံခါးက လော့ခ် လည်းကျနေတာကြောင့် Nayeon တံခါးကို ရိုက်ဖွင့်ပြီး ဝင်တဲ့အခါမှာ ကြမ်းပြင်ပေါ် သတိမေ့မြောနေ တဲ့ Sana ကို တွေ့ခဲ့ပြီး ကယ်တင်ခဲ့တာဖြစ်ပါတယ်။ သူမရဲ့ အသက်ကို Nayeon က ကယ်တင်ခဲ့တာ လို့ ပြောပြီး Nayeon ကိုလည်း Sana က ကျေးဇူးတင်ခဲ့ပါတယ်။

-m2t
Ref: Allkpop

You cannot copy content of this page