— မြန်မာပြည်က ပရိသတ်တွေရဲ့ အချစ်တော် ပိုးစုန်းကြူးဖြစ်တဲ့ မင်းသား Lee Do Hyun ဟာ ကိုယ်ကာယမသန်စွမ်းတဲ့ ဇာတ်ကားတွေ၊ ဒရာမာတွေကြည့်ရင် မငိုဘဲမနေနိုင်ခဲ့တဲ့ သူ့ရဲ့ရင်တွင်းနာ အကြောင်းပြချက်ကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
အဆိုပါအကြောင်းကို Lee Do Hyun က အင်တာဗျူးမှာပြောခဲ့တာဖြစ်ပြီး သူ့မှာ ကိုယ်ကာယမသန် စွမ်းတဲ့ ညီငယ်တစ်ယောက်ရှိလို့ဖြစ်ကြောင်းနဲ့ ညီငယ်ကို အရမ်းချစ်ကြောင်း ပြောကြားခဲ့တာဖြစ်ပါ တယ်။
“ ကိုယ်ကာယမသန်စွမ်းတဲ့သူမျိုး သရုပ်ဆောင်ထားတဲ့ မင်းသား၊ မင်းသမီးတွေရဲ့ သရုပ်ဆောင်မှုတွေ ကိုကြည့်ဖို့ ကျွန်တော့်အတွက် အလွန်ခက်ခဲပါတယ်။ အဲဒီဇာတ်ကား၊ ဒရာမာတွေဟာ ကျွန်တော့်ကို မငိုဘဲမနေနိုင်ခဲ့ပါဘူး။ ကျွန်တော့်မှာ ဖွံ့ဖြိုးမှုမရှိတဲ့ ညီငယ်တစ်ယောက်ရှိပါတယ်။
ဒါကြောင့် အဲဒီလိုမျိုး ဇာတ်ကားတွေကိုကြည့်တဲ့အခါ ကျွန်တော့် ညီအကြောင်း သတိရသွားလို့ဖြစ်ပါ တယ်။ ဒါကြောင့်လည်း ကျွန်တော်ငိုတာပါ။ ငိုရတာကို ကျွန်တော်မနှစ်သက်လို့ အဲဒီလိုကားတွေကို ကျွန်တော်မကြည့်ပါဘူး။
ရိုးရိုးသားသားပြောရရင် ညီငယ်ကို ကျွန်တော်အရမ်းချစ်ပါတယ်။ ကျွန်တော့် ညီငယ်ဟာ စူပါမားကတ် မှာအလုပ်လုပ်ပါတယ်။ တစ်ခါတစ်လေ အချို့လူတွေက သူ့ရဲ့မဖွံ့ဖြိုးမှုကို စနောက်ကြတယ်လို့ ကျွန် တော်ကြားတော့ ရင်ကျိုးခဲ့ရပါတယ်။
ပြီးခဲ့တဲ့နှစ်တွေမှာလည်း ကျွန်တော်မိဘတွေဟာ အရမ်းအလုပ်ကြိုးစားရုန်းကန်ခဲ့ရပါတယ်။ အနာဂတ် မှာ ကျွန်တော်ပိုက်ဆံရှာပြီး ကျွန်တော့်မိသားစုတွေ အိမ်မှာ ကောင်းမွန်စွာအနားယူနိုင်ဖို့ ကြိုးစားသွား မှာပါ”
-Lee Do Hyun
မင်းသား Lee Do Hyun ဟာ Hotel Delluna ဒရာမာနဲ့ ပရိသတ်တွေရဲ့ အားပေးမှုနဲ့ ချစ်ခင်မှုကို ရရှိခဲ့ပြီး 18 Again ၊ မကြာသေးခင်က ပြီးဆုံးခဲ့တဲ့ Youth Of May ဒရာမာ တွေလည်း ဆက်တိုက်ထွက်ထားတာဖြစ်ပါတယ်။
-m2t
Ref: SBSstar