K pop

■ Inkigayo ဖျော်ဖြေမှုက Jeongyeon ရဲ့ ပုံစံကိုကြည့်ပြီး ပရိသတ်တွေ စိုးရိမ်နေကြကာ JYPE အပေါ် ဝေဖန်မှုတွေလည်း ရှိနေ

– – -Jeongyeon ရဲ့မျက်နှာ သိသာသာသာ မဲ့သွားတာကို မြင်တွေ့ခဲ့ရပြီးနောက် ပရိသတ်တွေက….

Inkigayo ရဲ့ နောက်ဆုံးအပိုင်းမှာ TWICE အဖွဲ့က သူမတို့ရဲ့အသစ်ထွက်ရှိထားတဲ့ Alcohol-Free သီချင်းကို ဖျော်ဖြေခဲ့ပါတယ်။

အဲဒီဖျော်ဖြေမှုဟာ အဖွဲ့ဝင် Jeongyeon တစ်ယောက် သိသိသာသာ မျက်နှာပျက်သွားပြီး ရှုံ့မဲ့သွားတာကို ပရိသတ်တွေက သတိထားမိခဲ့ကြပါတယ်။ အဲဒီနောက် Host နဲ့ အင်တာဗျူးမှာ Jeongyeon မပါလာတော့ဘဲ ပရိသတ်တွေက သူမအတွက် စိုးရိမ်စိတ် ကြီးခဲ့ရပါတယ်။

Jeongyeon အနေနဲ့ ဖျော်ဖြေမှုမှာ တော်တော်လေး နာကျင်ခဲ့ပုံပဲလို့ ပရိသတ်တွေက ယူဆလျက် ရှိနေကြပါတယ်။ ၂၀၂၀ ခုနှစ် အစောပိုင်းကလည်း Jeongyeon ဟာ လည်ပင်းဒဏ်ရာကြောင့် လှုပ်ရှားမှုတွေကို ခဏ ရပ်နားထားခဲ့ရသူပါ။

ဒါ့အပြင် Jeongyeon ဟာ စိတ်ကျရောဂါလည်း ခံစားခဲ့ရဖူးပြီး ကုသမှုခံယူခဲ့ရတာ ဖြစ်ပါတယ်။ အခုလို Jeongyeon တစ်ယောက် အဆင်မပြေဖြစ်ခဲ့တာကို မြင်ခဲ့ရပြီးနောက် ပရိသတ်တွေက စိုးရိမ်စိတ်နဲ့ JYP Entertainment အပေါ် ဝေဖန်မှုတွေလည်း ရှိခဲ့ပါတယ်။

Jeongyeon အနေနဲ့ အလုံးစုံ မသက်သာသေးဘဲ JYP ဟာ မပါဝင်ခိုင်းသင့်ကြောင်း၊ Jeongyeon ကိုကြည့်ရတာ တော်တော်လေး နာကျင်နေကြောင်း အကောင်းဆုံးပေးဆပ်ပေးတဲ့အတွက် Jeongyeon ကို ကျေးဇူးတင်မိကြောင်း ပရိသတ်တွေက မှတ်ချက်ပြုခဲ့ကြပါတယ်။

-Koreaboo

You cannot copy content of this page