– – – ပရိသတ်တွေကြားမှာ ပျောက်ကွယ်နေတဲ့ Taecyeon ရဲ့ အချစ်ရေး အခြေအနေဟာ…
2 PM အဖွဲ့ဝင် Taecyeon ဟာ ၂၀၂၀ ခုနှစ်အတွင်းမှာ Dating သတင်းကို ထုတ်ပြန်ခဲ့ပါတယ်။
Taecyeon ဟာ အနုပညာရှင်မဟုတ်တဲ့ သူ့ထက် ၄ နှစ်ငယ်တဲ့ သာမန်မိန်းကလေးတစ်ယောက်နဲ့ ဒိတ်ခဲ့တာ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်တွဲနေတဲ့ ပုံရိပ်တွေ အွန်လိုင်းမှာ ပျံ့နှံ့လာခဲ့ပြီးနောက် Taecyeon က Dating သတင်းတွေကို ဝန်ခံခဲ့တာပါ။
အဲဒီနောက်ပိုင်း သူတို့ရဲ့ Relationship အခြေအနေကို မီဒီယာထက်တွေ ဖော်ပြမှု နည်းပါးခဲ့တာ တွေ့ရပါတယ်။ အခုအခါမှာတော့ Taecyeon ရဲ့ အချစ်ရေးဟာ မီဒီယာတွေရဲ့ စာမျက်နှာမှာ ပြန်လည် ပါဝင်လာပြီး သူတို့ရဲ့ အချစ်အရေးဟာ ကောင်းမွန်လျက်ရှိနေကြောင်း သိရပါတယ်။
Taecyeon ရဲ့ ချစ်သူကောင်မလေးဟာ ကိုရီးယားနိုင်ငံအတွင်း ကုမ္ပဏီတစ်ခုက ဝန်ထမ်းတစ်ဦးဖြစ်တယ်လို့လည်း သတင်းတွေက ဖော်ပြထားပါတယ်။
လတ်တလောမှာတော့ Taecyeon ဟာ ဇွန်လ (၂၈) ရက်နေ့မှာ ထုတ်ဝေမဲ့ 2PM ရဲ့ (၇) ခုမြောက် Full Album MUST အတွက် ပြင်ဆင်မှုတွေ ပြုလုပ်နေပါတယ်။
-Ref: Koreaboo