— – – ဒီ MONSTA X အဖွဲ့ဝင် အတွေ့ချင်ဆုံးပုဂ္ဂိုလ်ကတော့ G-Dragon ပါတဲ့။ အကြောင်းကတော့ …
MONSTA X အဖွဲ့ဝင်တွေဟာ သိပ်မကြာခင်က Seventeen မဂ္ဂဇင်းနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ သူတို့ရဲ့ ဝါသနာတွေ၊ သူတို့ တွဲလုပ်ချင်တဲ့အဆိုတော်တွေနဲ့ သူတို့ အတွေ့ချင်ဆုံးပုဂ္ဂိုလ်တွေကို ပြောပြခဲ့ကြပါတယ်။
အဲဒီမှာ အင်တာဗျူးသူက MONSTA X အဖွဲ့ဝင်တွေကို ဘဝမှာ သူတို့ရဲ့ “inspirational person” နဲ့ အတွေ့ချင်ဆုံး ပုဂ္ဂိုလ်တွေကို မေးမြန်းခဲ့တာပါ။
အဲဒီမေးခွန်းကို Joohoney က “ကျွန်တော်ကတော့ G-Dragon စီနီယာနဲ့ တွေ့ဆုံခွင့်ရချင်ပါတယ်။ သူဟာ ကိုရီးယားမှာရော ယေဘုယျအားဖြင့်ပါ လူပေါင်းများစွာကို inspiring လုပ်နိုင်ခဲ့သူလို့ ကျွန်တော် ထင်ပါတယ်”လို့ ဆိုခဲ့ပါတယ်။
ဒါကို တခြား MONSTA X အဖွဲ့ဝင်တွေကလည်း ထောက်ခံခဲ့ကြပြီး Joohoney က G-Dragon နဲ့ BIGBANG အဖွဲ့ရဲ့ K-Pop အပေါ် လွှမ်းမိုးမှုဟာ အဆမတန်ကြီးမားကြောင်းလည်း ဆက်ပြောခဲ့ပါတယ်။
“G-Dragon နဲ့ BIGBANG အဖွဲ့က သီချင်းသစ် မထုတ်တာ အတော်လေးကို ကြာပါပြီ။ ဒါပေမဲ့ သူတို့ရဲ့ လွှမ်းမိုးမှုက ကြီးမားလွန်းပြီး အခုထက်ထိ K-Pop Idol အသစ်လေးတွေဟာ သူတို့ကြည့်ပြီး inspired ဖြစ်နေကြတုန်းပါပဲ”လို့ Joohoney က ဆိုခဲ့တာပါ။
Ref: Koreaboo
-Zawgyi
■ G-Dragon ကို အရမ်းလေးစားပြီး တွေ့ချင်ပါတယ်ဆိုတဲ့ MONSTA X အဖွဲ့ဝင်
Ref: Koreaboo